စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း မြို့နယ်ပေါင်း ၁၈၇ မြို့နယ်မှ တောင်သူ ၅၅၇၆ ဦးသို့ ချေးငွေထုတ်ချေးပေးထားပြီးဖြစ်

 

နေပြည်တော်   ဇွန်   ၂၉ 


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် က အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ ချေးငွေစီမံကိန်း (JICA, Two Step Loan) ဦးဆောင်ကော်မတီအစည်း အဝေး (၂၂/၂၀၂၂)  ကို    ယမန်နေ့ မွန်းလွဲပိုင်းက စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန   အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင်  စီမံကိန်း ဦးဆောင်ကော်မတီဥက္ကဋ္ဌ  ဒုတိယ ဝန်ကြီး   ဦးမောင်မောင်ဝင်းက ချေးငွေစီမံကိန်း ကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင်စတင်ခဲ့ပြီး ယခုအချိန် အထိ မြို့နယ်ပေါင်း ၁၈၇ မြို့နယ် မှ တောင်သူ ၅၅၇၆ ဦးသို့ ချေးငွေ ကျပ် ၂၂၉ ဒသမ ၉၇၉ ဘီလီယံ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ တောင်သူများမှ အရစ်ကျ ပြန်ဆပ် လာသည့်ငွေများကို ချေးငွေရယူ လိုသည့် တောင်သူအသစ်များသို့ စဉ်ဆက်မပြတ် ထုတ်ချေးလျက်ရှိ ကြောင်း၊ ချေးငွေများ  စဉ်ဆက် မပြတ် ထုတ်ချေးနိုင်ရန် ကြွေးကျန် များမဖြစ်စေရေး ကြိုးပမ်းဆောင် ရွက်ရန်လိုကြောင်း၊ လယ်ယာသုံး စက်ကိရိယာများအပြင်   ချေးငွေ အမယ်သစ်များ  ထုတ်ချေးပေးနိုင် ရေးအတွက်လည်း       ကြိုးပမ်း ဆောင်ရွက်ကြ    စေလိုကြောင်း ပြောကြားသည်။ 

 


ထို့နောက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်       ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူ များက ချေးငွေထုတ်ချေးပြီးစီးမှု နှင့်    ဆက်လက်ထုတ်ချေးမည့် အခြေအနေ၊ JICA, Two Step Loan NPL ကျဆင်းရေး ဆောင် ရွက်လျက်ရှိသည့် အခြေအနေနှင့် လယ်ယာသုံး စက်ပစ္စည်းကုမ္ပဏီ များ၏ တင်ပြချက်များကို ဆွေးနွေး တင်ပြကြသည်။ 

 


အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေး နှင့်      ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့မှ ဦးဆောင်ကော်မတီဝင်များ တက်ရောက်ကြကြောင်း    သိရ သည်။

 
သတင်းစဉ်