
နေပြည်တော် ဩဂုတ် ၁၆
မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း (၂၀၂၀) ဖြင့် ဆောင်ရွက် သော MSME စားသောက်ကုန် ထုတ်လုပ်ငန်းရှင်များထံ နည်းပညာ များဖြန့်ဝေရေး အစီအစဉ် (၁) သင်တန်းများကို ယနေ့တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၌ ဆက်လက် ပို့ချဆောင်ရွက်သည်။
ထုတ်ကုန်သစ်များ ထုတ်လုပ်နိုင်
ပြည်တွင်း MSME များက အာဆီယံ ထုတ်ကုန်များအတိုင်း ထုတ်လုပ်နိုင်စေရန်နှင့် နိုင်ငံတကာ အဆင့်မီနည်းပညာများ အသုံးချ ၍ အရည်အသွေးမြင့်မားပြီး စံချိန် စံညွှန်းပြည့်မီသော ထုတ်ကုန်သစ် များ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကာ မဲခေါင် - လန်ချန်း နိုင်ငံအချင်းချင်း နည်းပညာဖလှယ် ၍ရရှိထားသော စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသစ် ခြောက်မျိုးကို အထက်မြန်မာပြည် ရှိ MSME လုပ်ငန်းရှင် ၁၀၀ ထံ ပြန်လည်ဖြန့်ဝေပေးသည်။
နည်းပညာများ အသုံးချရန်
အစီအစဉ် (၁) ပြီးမြောက်ခြင်း အခမ်းအနားကို ညနေပိုင်းတွင် ကျင်းပရာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက် ရောက်၍ အမှာစကား ပြောကြား ရာတွင် အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာဖူလုံ ရေးကို အောင်မြင်အောင် ဆောင် ရွက်ရန် နိုင်ငံတော်ရှိ ပေါကြွယ်ဝ လျက်ရှိသည့် ရေ၊ မြေ ရင်းမြစ် များမှ စိုက်ပျိုးရေးလုပ်ငန်း ထွက်ကုန်များကို အကျိုးရှိစွာ ထုတ်ယူ၍ ပြည်တွင်းလိုအပ် သည့် စားသောက်ကုန်များ ထုတ် လုပ်ရုံမျှမက နိုင်ငံတကာစျေးကွက် ၌ ထိုးဖောက်နေရာယူနိုင်သည် အထိ တန်ဖိုးမြှင့် Quality Product များ ဖြစ်ရေးအတွက် စံနှုန်းများနှင့် အညီ Market Competency ရှိစွာ ပို့ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင် ရေးမှသည် နိုင်ငံ့စီးပွားမြှင့်တင်ရာ တွင် အထောက်အကူပြုနိုင်သည် အထိ ကြိုးပမ်းဆောင်ရွက်ရန်၊ ယင်းသို့ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးလုပ်ငန်းများမှ သမား ရိုးကျ ထုတ်ကုန်များသာမက ထုတ်ကုန်သစ်များကိုပါ ဆန်းသစ် သည့် နည်းပညာများကို အသုံးချ ထုတ်လုပ်နိုင်ရန်အတွက် ယခု ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း၊ သင်ယူခဲ့သည့် နည်းပညာသစ် များကို နေရပ်ပြန်ရောက်သည့် အခါ ဆင့်ပွားဖြန့်ဝေပေးကြရန်၊ရင်းနှီးမျှဝေခဲ့မှုများကို အခြေခံ၍ လုပ်ငန်းရှင်များ ကွန်ရက်သဖွယ် ချိတ်ဆက်ကာ လုပ်ငန်းများ အစဉ်အမြဲ တိုးတက်မှုရှိစေရေး ဆောင်ရွက်သွားရန်၊ MSME များ မှ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေး လိုအပ်သည့် သုတေသနနှင့် နည်းပညာများကို ဆက်လက်ပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်း ပြော ကြားသည်။
လက်မှတ်များပေးအပ်
ယင်းနောက် သင်ယူပြီးမြောက် ခြင်းလက်မှတ်များကို MSME လုပ်ငန်းရှင်များထံ ဒုတိယဝန်ကြီး နှင့် သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်တို့က ပေးအပ်ကြပြီး ပျဉ်းမနားမြို့နယ်နှင့် မကွေးမြို့ တို့မှ စားသောက်ကုန်လုပ်ငန်း ရှင်များက ကျေးဇူးတင်စကား များ ပြောကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်