စိုက်ပျိုးရေးကဏ္ဍတွင် စက်ကိရိယာများ သုံးစွဲခြင်းဖြင့် တောင်သူများ ပိုမိုအကျိုးများစေမည်

 

မုံရွာ  ဒီဇင်ဘာ   ၂၉


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာသုံး စက်ကိရိယာ     အခြေခံမောင်းနှင်ထိန်းသိမ်းမှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်က မုံရွာမြို့တိုင်းဒေသကြီး   စိုက်ပျိုးရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌  ကျင်းပရာ   အခမ်းအနားသို့   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊  တိုင်း ဒေသကြီး  ဝန်ကြီးများနှင့်  တာဝန်ရှိသူများ  တက် ရောက်ကြသည်။

 


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင်  စစ်ကိုင်းတိုင်းဒေသကြီး တွင်ရှိသည့်   တောင်သူများ၊  လယ်ယာလုပ်ငန်းတွင်   ဆက်စပ်လုပ်ကိုင်နေသည့် ကျေးရွာနေပြည်သူများ အတွက် လယ်ယာသုံးစက်ကိရိယာများကို ကိုယ်တိုင် မောင်းနှင်ပြုပြင်ထိန်းသိမ်းနိုင်ရန်   ရည်ရွယ်ဖွင့်လှစ် သည့်     သင်တန်းဖြစ်ပါကြောင်း၊     သီးနှံများကို   စိုက်ပျိုးထုတ်လုပ်ရာတွင် အချိန်မီထွန်ယက်နိုင်ရန်၊ စိုက်ပျိုးနိုင်ရန် ၊ ရိတ်သိမ်းနိုင်ရန်  သမားရိုးကျ  ကျွဲ၊ နွား၊ လူများဖြင့် ဆောင်ရွက်ခြင်းထက် စက်ကိရိယာ များကို   သုံးစွဲဆောင်ရွက်ခြင်းက   တောင်သူများ အတွက်     ပိုမိုအကျိုးများစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 


ယင်းနောက်  တိုင်းဒေသကြီး   လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး ဝင်းတင်စိုးက လယ်ယာသုံးစက်ကိရိယာ    အခြေခံမောင်းနှင် ထိန်းသိမ်းမှုသင်တန်းနှင့်   ပတ်သက်၍   ဖြည့်စွက် ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ  တိုင်းဒေသကြီး ဦးစီးမှူး  ဦးကိုကိုက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

 


အဆိုပါ   လယ်ယာသုံးစက်ကိရိယာ   အခြေခံ မောင်းနှင် ထိန်းသိမ်းမှုသင်တန်းသို့ မုံရွာခရိုင်အတွင်း ရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်တို့မှ  သင်တန်းသား   ၃၀   တက် ရောက်ကြပြီး   သင်တန်းတွင်   တစ်လုံးထိုးအင်ဂျင် ပြုပြင်ထိန်းသိမ်းခြင်း၊    ထွန်စက်ကြီး   အခြေခံ မောင်းနှင်ထိန်းသိမ်းနည်း၊      ကောက်စိုက်စက် ပြုပြင်မောင်းနှင် ထိန်းသိမ်းနည်းများကို ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ စာတွေ့ လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း     သိရ သည်။

 


ဆက်လက်၍   တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက     လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင်ထိန်းသိမ်းမှုသင်တန်းတွင် အသုံး ပြုမည့် ထွန်စက်ကြီးများ၊ လက်တွန်းထွန်စက်များ၊ ရိတ်သိမ်းခြွေ့လှေ့စက်၊ ကောက်စိုက်စက်နှင့် သမန်း နိုးကိရိယာများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)