စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ (၆-၁-၂၀၂၂) ရက်နေ့တွင် ဖွင့်လှစ်မည်

 

၁။      ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင်    သင်ကြားပို့ချလျက် ရှိသော (၂၀၁၉-၂၀၂၀) ပညာသင်နှစ်နှင့် (၂၀၂၁-၂၀၂၂) ပညာသင်နှစ် များအတွက် အောက်ဖော်ပြပါ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းအသီးသီးကို  (၆-၁-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။
    (က)     စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)
    (    ခ    )     ဘွဲ့လွန်ပါရဂူ (ပထမနှစ်ဝက်)
    (    ဂ    )     ဘွဲ့လွန်မဟာသိပ္ပံ (ပထမနှစ်ဝက်)
    (ဃ)     ဘွဲ့လွန်ဒီပလိုမာ (ပထမနှစ်ဝက်)
    (    င    )     ဘွဲ့လွန်မဟာဒဿန (ပထမနှစ်ဝက်)
၂။     ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးပါက ကာကွယ်ဆေး ထိုးပြီးကြောင်း ကတ်ပြားနှင့်အတူ ကျောင်းအပ်ချိန်တွင် သတင်းပို့ရ မည်ဖြစ်ပါသည်။  ကာကွယ်ဆေးမထိုးနှံရသေးပါက   ကျန်းမာရေး ဝန်ကြီးဌာနနှင့် အမြန်ဆုံးပူးပေါင်းကာ   ဆေးထိုးနှံရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
၃။     အသေးစိတ်အချက်အလက်များအား Website www.yau.edu.mm တွင် ဖော်ပြပေးထားမည် ဖြစ်ပြီး၊ ဖုန်း-၀၉-၂၅-၄၃၂၅-၁၅၅ နှင့် ၀၉-၂၅-၄၀၂၃-၃၈၃ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်