စိုက်ပျိုးနိုင်သည့်မြေနေရာများတွင် မြေလပ်မရှိ စိုက်ပျိုးသွားရန် လိုအပ်

ပဲခူး   ဩဂုတ်   ၁၆
တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ  လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို   ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၌ ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။ 
ရှေးဦးစွာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်     ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံ    အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏    လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီးပဲခူးတိုင်းဒေသကြီးတွင် စိုက်ပျိုး ရေးနှင့်  မွေးမြူရေးကို   အခြေခံ သည့်     စီးပွားရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှု   လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး    ဦးစားပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊  ရော်ဘာ အခြေခံသည့် ကုန်ထုတ်လုပ်ငန်း များတွင်   သွင်းကုန်အစားထိုး တန်ဖိုးမြှင့်   ပြည်တွင်းထုတ်ကုန် များ  ထုတ်လုပ်နိုင်ရေး   လိုအပ် သည်များ ပံ့ပိုးကူညီဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ တိုင်းဒေသ ကြီးအတွင်း ဆောင်ရွက်လျက် ရှိသည့် MSMEs လုပ်ငန်းများ အတွက်  ဒေသထွက်ကုန်ကြမ်း ပစ္စည်းများ ပြည့်စုံလုံလောက်စွာ ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေး ရန်နှင့် ပြည်တွင်း/ပြည်ပ ခရီးသွား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေ ရေး    အခွင့်အလမ်းကောင်းများ ဖန်တီးပေးရန်   လိုအပ်ကြောင်း၊ သီးနှံစိုက်စွမ်းအားနှင့်    သီးထပ် စွမ်းအားတိုးတက်စေရေး စိုက်ပျိုး နိုင်သည့်    မြေနေရာများတွင် မြေလပ်မရှိ    စိုက်ပျိုးသွားရန် လိုအပ်ကြောင်းနှင့် ရေကြီးရေနက် ကွင်းများ၊ သဲဆန်ကုန်းကြောမြေ များတွင် မည်သည့်သီးနှံစိုက်ပျိုးနိုင်သည်ကို သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနမှ မြေပြင် ကွင်းဆင်း ၍ တောင်သူများကို အသိပညာ ပေးရန်လိုအပ်ကြောင်း၊   ရေကြီး နစ်မြုပ်ခဲ့သည့်   ရပ်ကွက်များ၊ ကျေးရွာများတွင်   ရေပြန်လည် ကျဆင်းသွားပြီဖြစ်၍   လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရေး သေချာ စစ်ဆေး၍  အမြန်ဆုံးလျှပ်စစ် ဓာတ်အား    ပြန်လည်ရရှိရေး ဆောင်ရွက်ပေးရန်နှင့် ရေကြီးမှု ကြောင့် ပျက်စီးသွားသည့် လမ်း၊ တံတားများကို      အမြန်ဆုံး ပြန်လည်ပြင်ဆင်ပေးရန် လိုအပ် ကြောင်း၊ မိုးသည်းထန်စွာရွာသွန်း မှုကြောင့်    ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများ ပိတ်ရက်များ တွင် အစားထိုးပြန်လည်သင်ကြားနိုင်ရေးနှင့် မြို့တွင်းသန့်ရှင်းသာယာ လှပစေရေး ပြန်လည်ဆောင်ရွက် ရန် ပြောကြားသည်။
ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးများက     ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ အဆင့်မြင့် ပညာဦးစီးဌာနမှ   ပါမောက္ခချုပ် များ၊    ကျောင်းအုပ်ကြီးများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့   ဥက္ကဋ္ဌ များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များကို    ရှင်းလင်းတင်ပြကြရာ    တိုင်းဒေသကြီး   ဝန်ကြီးချုပ်က လိုအပ်သည်များ     မှာကြားခဲ့ ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)