စိုက်ပျိုးမြေဧက ၂၈၀ ကျော်အကျိုးပြုမည့် ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်

 

တန့်ယန်း  ဇန်နဝါရီ   ၂


ရှမ်းပြည်နယ်မြောက်ပိုင်း  တန့် ယန်းမြို့နယ်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး  ဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လ တာကာလတွင် အကောင်အထည် ဖော်ဆောင်ရွက်ရန်   လျာထား သည့် စိုက်ပျိုးမြေဧက ၂၈၀ ကျော် အကျိုးပြုမည့် ပန်လုံ-လွယ်ကုန်-နောင်စေကျေးရွာ ကုန်ထုတ် လမ်း ဖောက်လုပ်ခြင်းနှင့်      တံတား လုပ်ငန်းများကို ၂၀၂၁ ခုနှစ်  ဒီဇင် ဘာလတတိယပတ်မှ     စတင် ဆောင်ရွက်လျက်         ရှိကြောင်း  အဆိုပါဦးစီးဌာနမှ           သိရ သည်။

 


ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနသည်  ကျေး လက်ဒေသရှိ  လယ်ယာစိုက်ပျိုး ရေးထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့်  လွယ် ကူလျင်မြန်စွာ  ပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ကျေးလက်ကုန်ထုတ် လမ်းများ၊ ကုန်ထုတ်တံတားများ ကို  တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ဖောက်လုပ်ပေးလျက် ရှိကြောင်း၊ ၂၀၂၁-၂၀၂၂   ဘဏ္ဍာ နှစ် ခြောက်လတာကာလတွင် ပန်လုံ-လွယ်ကုန်-နောင်စေကျေး ရွာ    ကုန်ထုတ်လမ်း   အရှည် တစ်မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မထု ဖြုန်းကျောက်ခင်း ခြင်းကို   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၃၄ ဒသမ ၃၀၇ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တတိယပတ်မှ           စတင်ကာ တာဝန်ယူ     ဖောက်လုပ်လျက်ရှိ ကြောင်း     တန့်ယန်းမြို့နယ်   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဦးစီးမှူး     ဦးခိုင်မင်း ထွန်းက   ပြောသည်။ 

 


အဆိုပါ ပန်လုံ-လွယ်ကုန်-နောင်စေကျေးရွာ  ကုန်ထုတ် လမ်းဖောက်လုပ်ပြီးစီးပါက  ပန် လုံ၊ လွယ်ကုန်၊ နောင်စေ ကျေးရွာ သုံးရွာရှိ  စိုက်ပျိုးမြေ  ဧက ၂၈၀ ကျော်မှထွက်ရှိသော  လယ်ယာ ထွက်ကုန်များကို      ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ     သယ်ယူ     ပို့ဆောင်နိုင်မည်        ဖြစ်ကြောင်း သိရသည်။


သန်းလွင်(မကွေး)