စိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးစစ်ဆေး

 

နေပြည်တော်   မတ်   ၂၈


ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့်  ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်း တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့ဝင်များသည်  ပုသိမ်မြို့ စံပြဘက်စုံစိုက်ပျိုးမွေးမြူရေးခြံရှိ ဟင်းသီးဟင်းရွက် များနှင့် ရာသီသီးနှံများ  စိုက်ပျိုးထားရှိမှု၊ မြေအစားထိုး ဓာတုကင်းလွတ်   ဟင်းသီးဟင်းရွက်စိုက်ပျိုးထားရှိမှု၊ ဥစားကြက် ၊ DYL ဝက်နှင့် ဥစားဘဲမွေးမြူထားရှိမှု များကို    သွားရောက်ကြည့်ရှုစစ်ဆေးပြီး   တာဝန်ရှိသူများနှင့်တွေ့ဆုံကာ      ကုန်ထုတ်လုပ်မှု လုပ်ငန်းများ    ရာနှုန်းပြည့်   ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။   

          
 သတင်းစဉ်