
နေပြည်တော် ဇန်နဝါရီ ၃၀
စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် လူငယ်နှင့်စာပေပွဲတော် ဒုတိယ နေ့အဖြစ် ယနေ့နံနက် ၉ နာရီခွဲမှစ၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၌ ဆက်လက်ကျင်းပလျက်ရှိရာ ဝန်ကြီး ဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ နှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာကြည့်ရှုကြသည်။
ယနေ့တွင် သိပ္ပံနှင့် နည်းပညာပြခန်း၊ လေကြောင်းပညာရပ်ဆိုင်ရာ အသိပညာ ပေးပြခန်း၊ ရေကြောင်းပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်းတို့တွင် နည်းပညာ ရပ် ဆိုင်ရာများ လေ့လာနိုင်မည့်အပြင် ကျောင်းသား ကျောင်းသူများနှင့် လူငယ် များကိုယ်တိုင် အဆင့်မြင့်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ၊ သင်္ဘောများကို စမ်းသပ် မောင်းနှင်နိုင်မည့် simulator များ ထားရှိ ပေးထားသည့်အတွက် ယင်းပြခန်းများ၌ အထူးစည်ကားလျက်ရှိသည်။
စိတ်ပါဝင်စားစွာဖြင့် လေ့လာ
ထို့ပြင် “မူးယစ်ဆေးဝါးကင်းစင်ဖို့ အသိပညာဖြန့်ဝေစို့” ဆောင်ပုဒ်ဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှ မှုခင်းပညာပေး ပြခန်းယာဉ်ကို အသိပညာပေးပြသပေး ထားပြီး ပြခန်းယာဉ်အတွင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ဆောင်ရွက် မှု မှတ်တမ်းများ၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှု မှတ်တမ်းများ၊ နေပြည်တော်ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှု မှတ်တမ်းများနှင့် “ယာဉ် အန္တရာယ်ကင်းရှင်းဖို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာကြပါစို့” ခေါင်းစဉ်ဖြင့် အသိပညာပေးမှတ်တမ်း များကို ပြသထားရာ ကျောင်းသား ကျောင်းသူများနှင့် လူငယ်များ စိတ်ပါ ဝင်စားစွာဖြင့် လေ့လာကြသည်။
လေကြောင်းပညာရပ်ကို စိတ်ဝင်စား သည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များအတွက် လေယာဉ်ငယ် ပျံသန်းခြင်း သရုပ်ပြကွင်းကို ထားရှိ ပေးထားပြီး တာဝန်ရှိသူများက လေယာဉ် ငယ်များ ပျံသန်းပုံအဆင့်ဆင့်ကို သရုပ်ပြ ပျံသန်းပြကြရာ အလေးထား လာရောက် လေ့လာကြည့်ရှုကြသည်ကို တွေ့မြင် ရသည်။
စမ်းသပ်မောင်းနှင်နိုင်
မြန်မာနိုင်ငံလေကြောင်း ဝါသနာရှင် များအသင်းမှ တာဝန်ရှိသူ ဦးအောင်ကျော် ငြိမ်းက “ပွဲတော်မှာ လေကြောင်းပညာရပ် နဲ့ပတ်သက်ပြီး ပြသရတဲ့ ရည်ရွယ်ချက်က လေကြောင်းပညာဟာ ကမ္ဘာအနှံ့လူငယ် တွေလည်း တော်တော်စိတ်ဝင်စားကြပါ တယ်။ မြန်မာနိုင်ငံမှာလည်း လူငယ်တွေကို လေကြောင်းပညာ စိတ်ဝင်စားလာစေဖို့နဲ့ ခေတ်ပေါ်နည်းပညာတွေ လေ့လာ လိုက်စားပြီး အနာဂတ်နိုင်ငံတော်အတွက် လူ့စွမ်းအား အရင်းအမြစ်တွေ ပေါ်ထွန်း လာစေဖို့အတွက် ဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာက လက်တွေ့ ကဏ္ဍဖြစ်ပါတယ်။ ကိုယ်တိုင်ပျံသန်း မောင်းကာစမ်းဆိုပြီး ပြကွက်အနေနဲ့ ပြသထားပါတယ်။ ကျောင်းသား ကျောင်းသူ၊ လူငယ်တွေ လေယာဉ်အတု အနေနဲ့ စမ်းသပ်မောင်းနှင်နိုင်ပါတယ်။ လေယာဉ်တုကို မောင်းနှင်ခြင်းဖြင့် လေကြောင်းနဲ့ပတ်သက်ပြီး ဗဟုသုတ တွေ ရမယ့်အပြင် ကျွမ်းကျင်မှုအတွက် အထောက်အကူအများကြီး ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ လေကြောင်း ပညာရပ်နဲ့ပတ်သက်ပြီး တဖြည်းဖြည်း လူသိများလာပြီး ခေတ်စား လာတယ်။ ဒါကြောင့် ဒီပြခန်းလေးမှာ လာပြီးလေ့လာကြပါလို့ ဖိတ်ခေါ်ချင်ပါ တယ်”ဟု ပြောသည်။
စည်ကားလျက်ရှိ
ထို့ပြင် အသိပညာဗဟုသုတနှင့် အားကစားဆိုင်ရာ ပြခန်းများဖြစ်သော စာအုပ်စာစောင်များနှင့် စာပေပညာရှင် ကြီးများ၏ အတ္ထုပ္ပတ္တိပြခန်း၊ သမိုင်းဝင် စာချုပ်၊ စာတမ်းများနှင့် မှတ်တမ်းမှတ်ရာ များပြခန်း၊ ပန်းချီ၊ အနုပညာပြခန်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အသိပညာ ပေးပြခန်းနှင့် အားကစားလှုပ်ရှား ဆောင်ရွက်မှု ပြခန်းတို့တွင်လည်း ကျောင်းသား ကျောင်းသူများ၊ လူငယ်များ ဖြင့် စည်ကားလျက်ရှိသည်။
မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစား ရုံ (B) ရုံ၌ (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိ သည့် မြန်မာ့လက်ရွေးစင် အားကစား သမားများ၏ သရုပ်ပြလေ့ကျင့်ပြသမှုကို ထည့်သွင်းပြသခဲ့ရာ ကျောင်းသား ကျောင်းသူများ စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုခဲ့ကြသည်။
ပွဲတော်အတွင်း ဆေးရောင်ခြယ် ပြိုင်ပွဲ၊ အိမ်ဆောက်ပြိုင်ပွဲ၊ အရုပ်ဆက် ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို လည်း စီစဉ်ပေးထားရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များအပြင် ဆရာ ဆရာမများ၊ စိတ်ပါဝင်စားသည့် ပြည်သူ များလည်း တစ်ခဲနက် ပါဝင်ဆင်နွှဲနေကြ သည်ကို ပျော်ရွှင်ဖွယ်ရာ တွေ့မြင်ရသည့် အပြင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေ မှုများကြောင့်လည်း ပွဲတော်ကြီးကို ပို၍ အသက်ဝင်စေခဲ့သည်။
စစ်ဆေးဆောင်ရွက်ပေး
ယခုအချိန်အခါသည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလဖြစ် ခြင်းကြောင့် ပွဲတော်သို့ လာရောက်ကြသူ များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ပေးပြီးမှသာ ပွဲတော် အတွင်းသို့ ဝင်ရောက်ခွင့်ပြုသည့်အပြင် တစ်စုံတစ်ရာ ကျန်းမာရေးချို့ယွင်းမှု ဖြစ်ပေါ်ပါက အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များကို ထည့်သွင်းထားကာ ပွဲတော်ဧရိယာ အတွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ အသိ ပညာပေးဆိုင်းဘုတ်များ၊ ဗီနိုင်းများကို နေရာအနှံ့ ချိတ်ဆွဲဖော်ပြပေးထား သည်။
ထို့ကြောင့် ကျောင်းသား ကျောင်းသူ များ၊ လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေး နှင့် အတွေးအခေါ် အယူအဆများ ထက်မြက်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင် စွာ ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထ ကောင်းများရရှိလာစေရန်၊ လူငယ်များ၏ တီထွင်ဖန်တီးလိုစိတ် ရင့်သန်လာစေရန် နှင့် စာပေဖတ်ရှုလေ့လာလိုစိတ် မြင့်မား လာစေရန်၊ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးအပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် မြှင့်တင် ပေးနိုင်ရန်နှင့် အနာဂတ်လူ့ဘောင်အဖွဲ့ အစည်းအား ၎င်းတို့၏ အတွေးအမြင် ကောင်းများဖြင့် တည်ဆောက်အကောင် အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်ကောင်း များဖြင့် ကျင်းပပေးနေသည့် လူငယ်နှင့် စာပေပွဲတော်ကြီးကို နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအထိ ကျင်းပပေးလျက်ရှိရာ အားလုံးပါဝင် ဆင်နွှဲနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။
သတင်း- မျိုးဆက်သစ်
ဓာတ်ပုံ - ကိုကိုအေး