စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးချီးမြှင့်

 

နေပြည်တော်   ဒီဇင်ဘာ     ၃၀


၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား   ဝန်ကြီးဌာနပေါင်းစုံ (အမျိုး သား) ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်  ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

 


အခမ်းအနားသို့     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ   တွဲဖက်အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ် ကြီး  ရဲဝင်းဦး၊  ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်     ပုဂ္ဂိုလ်များ၊   ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊          တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  ဒုတိယ ဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ   အားကစားအသင်း  များအလိုက်       အုပ်ချုပ်သူများ၊  နည်းပြများနှင့် အားကစားသမား များ၊  ဝန်ကြီးဌာနများမှ    တာဝန် ရှိသူများနှင့် ဝန်ထမ်းများ၊  မြန်မာ နိုင်ငံ   ဘောလုံးအဖွဲ့ချုပ်မှ တာဝန် ရှိသူများ၊       အားကစားဝါသနာရှင် ပြည်သူများ  တက်ရောက်ကြည့်ရှု အားပေးကြသည်။

 


အနိုင်ရဗိုလ်စွဲ


၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာန ပေါင်းစုံအသက်(၂၅)နှစ်အောက် (အမျိုးသား)    ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင်      စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့်  အားကစားနှင့်   လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ အဆိုပါအသင်းများ သည် ဗိုလ်လုပွဲသို့ တက်ရောက် လာကြသည့်        အသင်းများ ဖြစ်သည်နှင့်အညီ   တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် အကြိတ် အနယ် ဖိအားပေးယှဉ်ပြိုင်ကြပြီး ပွဲကစားချိန်    ၁၅  မိနစ်တွင် စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီး ဌာနအသင်းက    အဖွင့်ဂိုးရရှိခဲ့ပြီး ဦးဆောင်နိုင်ခဲ့သည်။  ထို့နောက် ပွဲကစားချိန်   ၁၉   မိနစ်တွင် အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာန အသင်းက ချေပဂိုး ပြန်လည်သွင်းယူ    နိုင်ခဲ့သော ကြောင့် ပထမပိုင်း    ၄၅   မိနစ် ပြီးဆုံးချိန်တွင် တစ်ဖက်တစ်ဂိုးစီ ဖြင့်သရေကျခဲ့သည်။ ယင်းနောက် နှစ်ဖက်အပြန်အလှန်   အကြိတ် အနယ်   ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဒုတိယပိုင်းပွဲကစားချိန်တွင် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းက  သုံးဂိုးထပ်မံသွင်းယူ နိုင်ခဲ့သဖြင့်           စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက အားကစားနှင့်      လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို   လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

 


ပေးအပ်ချီးမြှင့်


ယင်းနောက်   ဆုချီးမြှင့်ခြင်း အခမ်းအနားကို     ဆက်လက် ကျင်းပရာ          အကောင်းဆုံး အားကစားသမားဆု    ရရှိခဲ့ကြ သည့်    အားကစားသမားများကို ကောင်စီဝင်များ       ဖြစ်ကြသည့် ဦးမောင်းဟာ၊   Jeng   Phang နော်တောင်၊        ဒေါ်အေးနုစိန်၊ ဦးခင်မောင်ဆွေနှင့် မန်းငြိမ်းမောင် တို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့် ငွေများ ပေးအပ်ချီးမြှင့်သည်။

 


ထို့နောက်        အသင်းလိုက် စတုတ္ထဆုရရှိသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းအား ကောင်စီ ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့် ထွန်းက လည်းကောင်း၊ တတိယ ဆုရရှိသည့်   ပြည်ထဲရေးဝန်ကြီး ဌာနအသင်းအား    ကောင်စီဝင် ဗိုလ်ချုပ်ကြီး   တင်အောင်စန်းက လည်းကောင်း၊ ဒုတိယဆုရရှိသည့် အားကစားနှင့်     လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းအား ကောင်စီ ဝင်   ဗိုလ်ချုပ်ကြီး   မြထွန်းဦးက လည်းကောင်း         တစ်ဦးချင်း ဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေ များကို  ပေးအပ်ချီးမြှင့်ကြသည်။

 


ယင်းနောက်       ပထမဆုရရှိ သည့်   စီမံကိန်းနှင့်  ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းအား ကောင်စီ တွဲဖက်အတွင်းရေးမှူး    ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တစ်ဦး ချင်း   ဆုတံဆိပ်များကို  ပေးအပ် ချီးမြှင့်သည်။

 


 ရင်းရင်းနှီးနှီး နှုတ်ဆက်


ထို့နောက်       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ပထမဆုရရှိ သည့်    စီမံကိန်းနှင့်   ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းအား ဂုဏ်ပြု ချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကိုပေးအပ်ချီးမြှင့်ပြီး အားကစား သမားများကို        ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 


တံခွန်စိုက်ဖလားဆုရရှိ


မြန်မာ့ဘောလုံး  အားကစား အဆင့်အတန်း    တိုးတက်မြင့်မား လာစေရန်နှင့် ထူးချွန်ထက်မြက် သည့် ဘောလုံးအားကစားသမား ကောင်းများစွာ   ပေါ်ထွက်လာ စေရန်   ရည်ရွယ်၍   အားကစား နှင့်  လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)   နှစ်မြောက်     စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာန ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား)    ဘောလုံးပြိုင်ပွဲ  ပွဲစဉ်များကို ဒီဇင်ဘာ ၁၆ ရက်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယနေ့ တွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်း နှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်ကာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက အနိုင်ရဗိုလ်စွဲပြီး      တံခွန်စိုက် ဖလားဆုကို ရရှိခဲ့ကြောင်းသတင်း ရရှိသည်။


သတင်းစဉ်