
နေပြည်တော် ဇန်နဝါရီ ၅
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံ လူရွှင်တော်အသင်း (ဗဟို)တို့ ပူးပေါင်းပြီး လူရွှင်တော်ပြိုင်ပွဲများကို “စိန်ရတုပြည်ထောင်စု လူရွှင်တော်ဖလား” ခေါင်းစဉ်ဖြင့် MRTV HD Channel မှ တင်ဆက်မည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များကို ပွဲစဉ် (၈)ပွဲ ရေးဆွဲကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ စတင်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်အထိ အပတ်စဉ် စနေနေ့ညတိုင်းနှင့် ဖေဖော် ဝါရီ ၉ ရက်နှင့် ၁၀ ရက်နေ့များအပါအဝင် ထုတ်လွှင့်ပြသသွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
သတင်းစဉ်