
နေပြည်တော် မတ် ၂၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန၏ (၈၆) နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားနှင့် ထူးချွန်ဝန်ထမ်းများအား ဆုပေးပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက အဆိုပါဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မတ် ၂၆ ရက် သည် ဝန်ကြီးဌာန စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည့် နေ့ဖြစ်ရာ မိမိတို့ ဝန်ကြီးဌာနအတွက် ထူးခြားသည့် နေ့ထူးနေ့မြတ် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အား ၁၉၃၇ ခုနှစ် မတ် ၂၆ ရက်၌ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွား တိုးတက်စေရေး၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရေး အတွက်အရေးပါသည့် ကုန်သွယ် မှုကဏ္ဍတိုးတက်လာအောင် ခေတ် အဆက်ဆက် ကြိုးပမ်းဆောင် ရွက်ခဲ့သည့်အပြင် နိုင်ငံတော်မှ ပေးအပ်သည့် တာဝန်များကို လည်း ကျရာကဏ္ဍမှ ကျေပွန်စွာ ထမ်းဆောင်လာခဲ့သည်မှာ ယခု နှစ်တွင် (၈၆) နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်ပါကြောင်း။
ဝန်ကြီးဌာနရှိ အဆင့်မြင့် အရာရှိကြီးများနှင့် ရာထူး အဆင့်ဆင့်တွင် တာဝန်ထမ်း ဆောင်နေသည့် ဝန်ထမ်းများအနေ ဖြင့်လည်း အနာဂတ်ကာလတွင် ဝန်ကြီးဌာန၏ လုပ်ငန်းများကို ခေတ်စနစ်နှင့်အညီ မြန်ဆန် သွက်လက်စွာ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်၏ မူဝါဒများ ဟန်ချက် ညီစွာဖြင့် လိုက်ပါအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းများ၏ ကိုယ်စီစွမ်းဆောင် ရည် မြှင့်တင်နိုင်ရေးတို့ကို အလေးထား ဆောင်ရွက်သွားရန် တိုက်တွန်း မှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ကြီးဌာနမှ စံပြဆုရဝန်ထမ်းများ၊ ထူးချွန် ဝန်ထမ်းများနှင့် သတင်းဆောင်းပါး ဆုရရှိသည့် ဝန်ထမ်းများကို ဆုများချီးမြှင့်ရာ ဝန်ထမ်းစံပြထူးချွန်ဆုရရှိသူများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်ဆု ရရှိ သူများ၊ စစ်ရေးပြနှင့် သေနတ်ပစ် ထူးချွန်ဆုရရှိသူများ၊ ဝန်ကြီးဌာန ၏ ပညာပေးဆောင်းပါးများ ရေးသားမှုတွင် ဆုရရှိသူများ၊ အခြားသင်တန်းအသီးသီးမှ ဆုရရှိ သူများနှင့် ပြည်ထောင်စုဝန်ကြီး က ပေးအပ်သည့် အထူးဆုရရှိသူ များကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြား ရေးမှူးချုပ်များက ဆုများ ချီးမြှင့် ပေးကြပြီး ဝန်ထမ်းစံပြထူးချွန် ဆုရရှိသူတစ်ဦးက ကျေးဇူးတင် စကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် Western Park Royal Restaurant ၌ ကျင်းပ ပြုလုပ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၏ (၈၆) နှစ်ပြည့် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြော ကြားပြီး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ ဝန်ထမ်းများ နှင့်အတူ ဂုဏ်ပြုညစာကို ရင်းနှီး ပျော်ရွှင်စွာ အတူတကွ သုံးဆောင် သည်။
အဆိုပါ အခမ်းအနားများသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီး ဌာနများမှ အရာထမ်း၊ အမှုထမ်း များ၊ ဆုရရှိသူများနှင့် ဖိတ်ကြား ထားသူများ ပါဝင်တက်ရောက် ကြကြောင်း သိရသည်။
သတင်းစဉ်