မောင်ပြည့်အောင်
ဆေးဝါးကုသမှုနယ်ပယ်၌ လူနာများခံစားနေရသော ရောဂါဝေဒနာများ သက်သာပျောက်ကင်းလျက် ချမ်းသာရာရစေရန်၊ ဆေးပညာရှင်အသီးသီးက ကုသနည်းအမျိုးမျိုးကိုစူးစမ်းလေ့လာ၍ ကျင့်သုံးကြရပါ သည်။ ထိုထိုသော ကုသနည်းများအနက် အကောင်း ဆုံးနည်းစနစ်ဖြစ်သည့် ရောဂါမဖြစ်မီက ကြိုတင် ကာကွယ်ကာ ချမ်းသာရာရစေသောနည်းများကို ပိုမို လေ့လာကျင့်သုံးကြသည်ကို တွေ့မြင်ကြရပါသည်။အထူးသဖြင့် အဖြစ်များသော ရောဂါများကို မဖြစ်မီက ကြိုတင်ကာကွယ်ရေးအတွက် ဦးစားပေးလေ့လာကြ ပါသည်။
အဖြစ်များသော ပြဿနာ
မျက်စိကျန်းမာရေး စောင့်ရှောက်မှုအတွက်လည်း၊ပညာရှင်အသီးသီးက နယ်ပယ်စုံတွင်ဖြန့်ကြက်လေ့လာမှုမှ တွေ့ရှိချက်များကို မှတ်တမ်းတင်ထားသော စာတမ်းများတွင် မျက်မှန်တပ်ရန် လိုအပ်ချက်ရှိ လာသောမျက်စိ
မှုန်ခြင်း(Refractive Error)သည် ယနေ့လူငယ် များတွင် အဖြစ်များသော မျက်စိပြဿနာဖြစ်ကြောင်း ဖော်ပြကြပါသည်။ သက်ကြီးမျက်စိမှုန်ခြင်းနှင့် မွေးရာပါမျက်စိမှုန်ခြင်းမဟုတ်သည့် ဆယ်ကျော်သက် လူငယ် များတွင်အဖြစ်များသော ၎င်းပြဿနာကိုဖြေရှင်းရန် တိကျသေချာသောနည်းလမ်းကို ရှာဖွေနေကြဆဲဖြစ် သော်လည်း အလေ့အကျင့်တစ်ခုကို ကာယကံရှင်ကိုယ်
တိုင်နှင့် မိဘများက သတိထားလေ့ကျင့်ပြုပြင်ပေးခြင်း အားဖြင့် မဖြစ်ပွားအောင် အတိုင်းအတာတစ်ခုအထိကာကွယ်နိုင်မည်ဖြစ်ပါသည်။
ထိုသို့ကြိုတင်ကာကွယ်ရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် အခြေခံဗဟုသုတအဖြစ် အဝေး၊ အနီးရှိ အရာဝတ္ထုပုံရိပ်များကို ကြည်ကြည်လင်လင် မြင်နိုင်စေရန်အတွက် ဖန်တီးပေးသော မျက်စိအတွင်း ဖက်ရှိ အင်္ဂါအစိတ်အပိုင်းတစ်ခု၏ အလုပ်လုပ်ပုံကိုလည်း ယေဘုယျအားဖြင့်သိထားသင့်ပါသည်။
အထက်ဖော်ပြပါပုံများကို အနည်းငယ်လေ့လာကြည့် ပါ။ ပုံများ၏ အလယ်ဗဟိုရှိအဝိုင်းသည် မျက်စိအတွင်းရှိ မှန်ဘီလူးဖြစ်ပြီး အပြင်ဘက်အဝိုင်းသည် ကြွက်သားဝိုင်းတစ်ခုဖြစ်၏။ ၎င်းတို့နှစ်ခုကို ဆံခြည်မျှင်ကြွက်သား များဖြင့်ဆိုင်းထားသည်ကို တွေ့ကြရပါမည်။ အောက်ပုံနှစ်ပုံသည် အထက်ပုံနှစ်ပုံ၏ ဘေးတိုက်မြင်ရသော ပုံဖြစ်ပြီးအပြင်ကြွက်သားဝိုင်းနှင့် ဆံခြည်မျှင်ကြွက်သား တို့ တင်းခြင်း၊ လျော့ခြင်း ပြုမှုကြောင့် မျက်စိတွင်းရှိ မှန်ဘီလူးပါးခြင်းထူခြင်း ဖြစ်ပေါ်လာပုံကို သရုပ်ပြပါ သည်။ ထိုကဲ့သို့ မှန်ဘီလူးကို အထူ၊ အပါးပြောင်းလဲစေ ခြင်းဖြင့် အနီးအဝေးပြောင်းလဲနေသော အရာဝတ္ထု
ပုံရိပ်တို့ကို ချိန်ဆနိုင်ပြီး ကြည်လင်သောအမြင်ကိုရကြ ခြင်းဖြစ်ပါသည်။
မှားယွင်းသောအလေ့အကျင့်
အသက်ကြီးရင့်မှုကြောင့် ခန္ဓာကိုယ်ရှိ ကြွက်သားများ ၏လှုပ်ရှားမှုများ နှေးကွေးလာသကဲ့သို့ ပုံတွင်မြင်ရသည့် မျက်စိ၏အပြင်ကြွက်သားဝိုင်းလည်း ပြောင်းလဲမှုပြုရာတွင် နှေးကွေးသွားသောကြောင့် မျက်စိ၏မှန်ဘီလူးသည် အထူအပါးခြားနားမှုနည်းသွားပြီး သက်ကြီးအနီးမှုန်ဖြစ်ရ၏။ အနီးကြည့်မျက်မှန်တပ်မှ စာဖတ် (အနီးကြည့်)ရာတွင် ကြည်ကြည်လင်လင် မြင်ရမည်ဖြစ်၏။ ဆယ်ကျော်သက်အရွယ် လူငယ်အများစု အဝေးမှုန်လာရခြင်း အကြောင်းရင်းတွင်လည်း အထက်ဖော်ပြပါ မျက်စိကြွက်သားများနှင့်မှန်ဘီလူးတို့၏ အနီး၊အဝေး အပြောင်းအလဲ ချိန်ဆနိုင်မှု အားနည်းသွား
သောကြောင့်ပင်ဖြစ်ပါသည်။ သက်ကြီးအနီးမှုန်သည် အသက်အရွယ်ကြောင့်ဖြစ်ပြီး ဆယ်ကျော်သက် အဝေးမှုန်သည့် မှားယွင်းသော အလေ့အကျင့်ကြောင့်ဖြစ်ကြောင်းKellogg Eye Center rSThe study's lead author and a resident physician ဖြစ်သူMDဆိုဖီယာဝမ်းက ဆိုပါသည်။
ဆယ်ကျော်သက် အဝေးမှုန်ဖြစ်သူများသည် အခန်းတွင်းအနေများသူများနှင့် အနီးကြည့်အသုံးများသူများဖြစ်ကြပြီး ကလေးဘဝနှင့် ဆယ်ကျော်သက်ဘဝအစ(ကိုးနှစ်၊ ၁ဝ နှစ်ဝန်းကျင်)တွင် ၎င်းအလေ့အကျင့် အတိုင်းနေထိုင်ခဲ့ကြသူများဖြစ်ပါသည်။ မျက်စိတဆုံး အဝေးကြည့်ရန်ကို မေ့လျော့နေတတ်သူများဖြစ်ကြပြီး စာရေးခြင်း၊ စာဖတ်ခြင်း (ယနေ့ခေတ် စမတ်ဖုံး၊ တက်
ဘလက်၊ ကွန်ပျူတာစသည်တို့သုံးစွဲခြင်း) ကဲ့သို့ အနီး ကြည့်အလုပ်တစ်ခုခုကို လုပ်နေရမှ ကြေနပ်နေတတ်ကြသူများဖြစ်ပါသည်။
မွေးရာပါအဝေးမှုန်
မွေးရာပါအဝေးမှုန်သူများသည် မွေးရာပါမျက်လုံး (Eye ball) ရှည်နေခြင်း(သို့) ကြီးနေခြင်းနှင့် မျက်လုံးတို နေခြင်း(သို့) မျက်လုံးသေးနေခြင်းများကြောင့် အမြင်အလျားတိုခြင်း (Nearsightedness)နှင့် အမြင်အလျား ရှည်ခြင်း (Farsightedness) တို့ဖြစ်နေ၍ အဝေးမှုန်ပြီး မျက်မှန်တပ်ရန်လိုအပ်ရခြင်းဖြစ်ပါသည်။အောက်ဖော်ပြပါ သရုပ်ဖော်ပုံများကို လေ့လာပါက သိနိုင်ပါသည်။
အပေါ်ဆုံးပုံသည် ပုံမှန်သဘာဝအတိုင်းဖြစ်သော မျက်စိ၏ အမြင်အလျားဖြစ်ပြီး ပုံရိပ်သည်မြင်လွှာ၌ တစ်ထပ်တည်းကျပါသည်။ လက်ဝဲဘက်အောက်ပုံသည် အမြင်အလျားတို၍ မြင်လွှာ၏ရှေ့တွင်စော၍ ပုံရိပ်ကျ ရောက်သောကြောင့် အဝေးမှုန်ခြင်းဖြစ်၏။ထိုနည်းတူ လက်ယာဘက်အောက်ပုံသည် အမြင်အလျားရှည်၍ မြင်လွှာကို ကျော်လွန်ကာ ပုံရိပ်ကျရောက်သောကြောင့် အဝေးမှုန်ခြင်းဖြစ်ပါသည်။ ထိုအခြေအနေသည် မွေးရာပါ ဖြစ်သောကြောင့် ကာကွယ်ခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်း တစ်စုံတစ်ရာပြုလုပ်၍ရမည်မဟုတ်ဘဲ အရှိအတိုင်းသာ လက်ခံကြရမည်ဖြစ်ပါသည်။
ကလေးဘဝကပင်ကုသ
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိသော နိုင်ငံများတွင် ကျောင်းနေအရွယ်ကလေးငယ်များအား အထွေထွေကျန်းမာရေးစစ်ဆေးပြီး ကလေးဘဝကပင် ကုသမှုများပေးသကဲ့သို့ မျက်စိကျန်းမာရေးကိုလည်း စစ်ဆေးပေးကာ မျက်မှန်လိုအပ်သော မွေးရာပါအဝေးမှုန်ကလေးများအား မျက်မှန်တပ်ဆင်စေခြင်းဖြင့် အများနည်းတူကြည်လင်သော အမြင်အာရုံကို ရရှိကြ မည်ဖြစ်ပါသည်။
ဆယ်ကျော်သက်အဝေးမှုန်သူများမှာမူ ၎င်းတို့နှင့်မတူဘဲ မှားယွင်းသော အလေ့အကျင့်များကြောင့် အဝေးမှုန်ရခြင်းဖြစ်ကြောင်း ပညာရှင်များကယုံကြည်လာ ကြပါသည်။ မြင့်တက်လာလျက်ရှိသော နှုန်းထားကို တားဆီးရေးအတွက် ဂလိုဘယ်အတိုင်းအတာဖြင့် ပညာရှင်အသီးသီးကသုတေသနပြုလုပ်ပြီး အကြံပြုချက်များထုတ်ပြန်ခဲ့ကြပါသည်။ နံရံပိတ်အခန်းများတွင် နေထိုင်ချိန်ကိုလျှော့ချ၍ အဆောက်အအုံများ၏ ပြင်ပတွင် သဘာဝအလင်းရောင်ဖြင့် နေထိုင်ချိန်ကို တိုးမြှင့်သင့်ကြောင်းအကြံပြုချက် (အဝေးမှုန်မဖြစ်အောင် ကာကွယ်နည်း -http://www.pyaeaungcoa.com တွင် ရေး
သားဖော်ပြပြီး)၊ ၂ဝ/၂ဝ/၂ဝ အကြံပြုချက်၊ One lecture period အကြံပြုချက်နှင့် ၁၂-၁၄- အကြံပြုချက်တို့သည် လူသိများပြီးထင်ရှားပါသည်။
ပန်းပင် ပန်းအိုးထား
၂ဝ/၂ဝ/၂ဝ အယူအဆမှာ အနီးကြည့် အလုပ်လုပ် ချိန် မိနစ် (၂ဝ) ကြာပြီးတိုင်း ပေ(၂ဝ) အကွာအဝေးရှိ အရာဝတ္ထုပုံရိပ်တို့ကို စက္ကန့် (၂ဝ) မျှကြည့်သင့်ကြောင်း အကြံပြုချက်ဖြစ်ပါသည်။ ထိုသို့ကြည့်ရှုနိုင်ရန်အတွက် အလုပ်ခန်း အိမ်ခန်းတို့၏ နံရံတွင် ဓာတ်ပုံ၊ ပန်းချီကား စသည်တို့ကိုချိတ်ဆွဲထားရှိခြင်း၊ အခန်းထောင့်နှင့် စားပွဲပေါ်တို့တွင် သစ်ပင်ငယ်များ၊ ပန်းပင်ပန်းအိုးများ၊ ပန်းပုလက်ရာများထားရှိခြင်းဖြင့် အထောက်အပံ့ရစေမည် ဖြစ်ကြောင်း ဆိုပါသည်။
One lecture period အယူအဆကို အကြံပြုသူတို့က ၂ဝ/၂ဝ/၂ဝ အယူအဆ၏ အကြံပြုချက်များကို လက်ခံသော်လည်း မိနစ် (၂ဝ) အချိန်ကို စောဒကတက်ကြပြီး စာသင်ချိန်တစ်ချိန်၏ကြာမြင့်ချိန်ကဲ့သို့ (၄၅) မိနစ်မျှ
သတ်မှတ်သင့်ကြောင်း၊ မိနစ် (၂ဝ) အချိန်သည် နည်းလွန်းကြောင်းဆိုပါသည်။ စာရေး၊ စာဖတ်ပြုရာတွင် လည်းကောင်း အိုင်တီ ဒီဗိုက်စ်များကိုအသုံးပြုရာတွင်လည်းကောင်း မျက်နှာနှင့်ကပ်၍မကြည့်သင့်ကြောင်း ၁၂ လက္မ နှင့် ၁၄ လက်မအကွာအဝေးအတွင်း ထား၍ ကြည့်ခြင်းသည် အကောင်းဆုံးအကွာအဝေးပင်ဖြစ်ကြောင်း အကြံပြုချက် (၁၂-၁၄ အယူအဆ)ကိုမူ အား
လုံးကလက်ခံကြပါသည်။
ဂရုတစိုက်စောင့်ကြည့်
အချုပ်အားဖြင့်ဆိုရပါမူ မွေးရာပါမဟုတ်သော ဆယ်ကျော်သက်အရွယ်အဝေးမှုန်ခြင်းသည် ကလေးဘဝ(မူလတန်းကျောင်းသားအရွယ်)မှ စတင်ကာ အခြေပြုလာပါသည်။ ကလေး၏ အမူအကျင့်များက အဓိကကျပါသည်။ ကလေးအား မိဘများက ဂရုတစိုက်စောင့်ကြည့်လျက် မှားယွင်းသောအမူအကျင့်များကို ပြုပြင် ပေးခြင်းသည်သာ ထိရောက်သော ကာကွယ်မှုဖြစ် ကြောင်း သတိမူကြရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ မိမိတို့ရင်သွေးများ၏ ဘဝအတွက်အရေးပါလှသော အရွယ်ဖြစ်သည့် ဆယ်ကျော်သက်အရွယ်တွင် အဝေး
မှုန်ခြင်း မဖြစ်စေရန်အတွက် အထက်ပါ အကြံပြုချက်များကို လေ့လာပြီး ဂရုတစိုက်စောင့်ကြည့် ပြုပြင်ပေးသင့်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။