
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ( ၁၈၇ /၂၀၂၁)
၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်)
ဆူပူဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာ
အမှုများကို ပိတ်သိမ်းခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရေးအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးအစွန်းရောက်များ၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG တို့၏ သွေးထိုးလှုံ့ဆော်မှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုများတွင်ပါဝင်ခဲ့သဖြင့် အရေးယူခံရပြီး နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆို ခြင်းခံနေရသူများအား လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန် အတွက်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌသည် တရားစွဲဆိုခြင်းခံနေရသူ (၄၃၂၀)ဦးတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး