ဆုပ်မထားနှင့် … ဖြန့်လက်များ ပေးမျှဝေရန်သာ

Type

 

မိုးကေနိုင်

လူဆိုတာ ချမ်းသာချင်ကြတာပဲ။  ချမ်းသာချင်တော့  စီးပွားရှာတယ်။  စီးပွားကောင်းကောင်းရှာဖို့ လောဘတော့ရှိရမယ်။  လောဘရှိမှ  စီးပွားရှာလို့ရမယ်၊ မှန်ပါတယ်။ လောဘမရှိဘဲနဲ့တော့  ဘယ်လိုလုပ်စီးပွားဖြစ်ပါ့မလဲ။  ဒါက စီးပွားလောဘနဲ့  ပတ်သက်တဲ့ သာမန်အသိ။  ဒီလိုသာမန်အသိလေးမှာ တရားမှု မတရားမှု၊ ရောင့်ရဲမှု မရောင့်ရဲမှု၊ မျှတမှုနဲ့ အစွန်းရောက်မှု၊ အလွန်အကျွံ စတဲ့အပိုင်းအခြားလေးတွေကို မှန်မှန်ကန်ကန်ပိုင်းခြားပြီး  စီးပွားရှာနိုင်ပြီ၊  လုပ်တတ် ကိုင်တတ်ပြီဆိုရင်တော့. . . သာမန်အသိမှသည်  မှန်ကန်သောအသိနဲ့  မှန်မှန်ကန်ကန်၊   သန့်သန့်ရှင်းရှင်းနဲ့  အသက်မွေး၀မ်းကျောင်းပြုခြင်းမည်တဲ့     သမ္မာ အာဇီ၀နဲ့ စီးပွားရှာခြင်းလို့  သတ်မှတ်လို့ရပါပြီ။
 

မိစ္ဆာအာဇီဝဆိုတာ ... 
အဓိကအချက်က   စီးပွားဥစ္စာရှာတဲ့အခါ   အပူ အပင်ကင်းကင်း   နောက်ဆံမတင်း   လိပ်ပြာလုံလုံနဲ့ သမ္မာအာဇီဝဖြစ်နေဖို့ပါပဲ။    တရားသဖြင့်    ရှာခြင်း ဖွေခြင်းနဲ့ မှန်ကန်တဲ့ စီးပွားရေးဖြစ်အောင် လုပ်ရာ မှာ အမြတ်ကို အလွန်အကျွံတင်ပြီး ရောင်းချခြင်း၊ ဈေးနှိမ်ဝယ်ယူထားတဲ့ပစ္စည်းကို ပြန်ရောင်းတဲ့အခါ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးနှုန်းနဲ့        မတန်တဆ ဈေးတင်ရောင်းချခြင်း၊    ပိုဆိုးတာက    မရှိမဖြစ်တဲ့ စားသုံးလူသုံးကုန်ကို  တစ်ဖက်မှာ   ဈေးနှိမ်ဝယ်ယူ၊ ဈေးကွက်ကိုမဖြန့်ဘဲ လှောင်ထား၊ ရွှေငွေကိုင်၊ ဆန် ဆီ ဆေးလှောင်၊ ဝယ်ရောင်းအပါအဝင်ပေါ့။ 
အပြင်မှာပစ္စည်းပြတ်မှ         ဈေးတင်ရောင်း၊ မြင့်အောင်လှုပ်ပြီး တစ်ဖက်က လှုပ်လာရင် ပြန်မြှင့် ပြီး ဈေးကစား၊ အစစ်ကို အရောပြု၊  အတုပြန်လုပ် ပြီးရောင်း၊ ဒါ့အပြင် ဥပဒေနဲ့ တားမြစ်ထားတဲ့ပစ္စည်း ဥပမာ  မူးယစ်ဆေးဝါး၊  လက်နက်စတဲ့   ဒါတွေဟာ မရှိသင့်တဲ့  လောဘဇောနောက်ကပါလာတဲ့ ဝိသမ လောဘတွေပါပဲ။       ဥပဒေနဲ့      မလွတ်ကင်းတာ မှန်သမျှ  အပြစ်ဖြစ်နေပါတယ်။  အများပြည်သူကိုဒုက္ခရောက်အောင်လုပ်တဲ့ မိစ္ဆာအာဇီဝပါ။ ဒီလိုကိစ္စ တွေမှာ        အဂတိမကင်း၊     လာဘ်လာဘမျှော်ပြီး လုပ်သမျှဟာလည်း ဝိသမလောဘနဲ့ အလိုတူအလိုပါ ပါပဲ။    လူတွေပါးစပ်ထဲရောက်ခါနီး        မစားရ၊ မသောက်ရ၊  မသုံးဖြစ်အောင် ပိတ်ဆို့ဟန့်တားတာ လည်း        တကယ့်အကုသိုလ်မြောက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်     အများသူငါ    အကျပ်အတည်း ဖြစ်လာရင်၊  နိုင်ငံမှာ အကျပ်အတည်းဆိုက်လာရင် ကိုယ်လည်း     နောက်ဆံတင်းတင်းနဲ့    နေလို့ရမှာ မဟုတ်သလို    ကိုယ့်မိသားစုလည်း     ထိတ်ထိတ် လန့်လန့်နဲ့ ဘေးကျပ်နံကျပ်ဖြစ်မှာ မလွဲပါဘူး။
ကိုယ်ချင်းစာတရားနဲ့ သမ္မာအာဇီဝ
ဘာဖြစ်လို့လုပ်ကြမလဲ။     သူများမရှိဆင်းရဲ နေချိန်မှာ  ရှိသမျှလေးကို   မလွှတ်တမ်း   ဆုပ်ကိုင် ထား၊           ကိုယ့်အတ္တအတွက်     အမြတ်ထုတ်၊ တစ်သက်စာမကြည့်၊  ကိုယ့်တစ်ဘဝ  ကိုယ့်မိသားစု လေး၊       ကိုယ့်တစ်ဘို့တည်း      ကောင်းစားရေး ကွက်ကွက်လေးကြည့်ပြီး လုပ်နေကြသမျှ လူ့အဖွဲ့ အစည်းကြီးဟာ        မလှပ     မငြိမ်းချမ်းနိုင်ပါဘူး။ ကိုယ်လုပ်သမျှဟာ    ဘယ်သူသေသေ      ငတေမာ ပြီးရော၊  ပိုက်ဆံရရင်ပြီးရော၊   ငါကောင်းစားရေး တစ်ခုတည်းမဖြစ်ဖို့     လိုပါတယ်။       သံသရာ တစ်လျှောက်ပါလာမယ့်  အကုသိုလ်ဝဋ်ကြွေးဟာ အလွန်ကြောက်စရာကောင်းတဲ့အတွက်      ဖြစ်ပါ တယ်။ 
အများသူငါဒုက္ခရောက်ချိန်မှာ    ကိုယ်ချင်းစာ တရားဟာ အလွန်ကိုအရေးကြီးလှတယ်။ အားလုံး ဒုက္ခရောက်ချိန်မှာ   ကိုယ့်ထက်ဒုက္ခရောက်သူကို ကိုယ့်မှာရှိတဲ့ စားရေရိက္ခာ၊  ဥစ္စာပစ္စည်းဖြန့်ဝေပေးခြင်းဖြင့် ကရုဏာတရားကို ပြသကြရမှာဖြစ်ပါတယ်။ ဆိုလိုတာက ကုန်ဈေးနှုန်းတွေကြီးမြင့်နေချိန်မှာ ကိုယ့်မှာရှိတဲ့ပစ္စည်း    ဈေးလျှော့ရောင်းလိုက်ရင် တောင် ( ဥပမာ- ဂျပန်နိုင်ငံမှာ)   နိုင်ငံကြီးသားပီသမှု ကို ပြသရာရောက်တယ်၊ ကိုယ့်လူမျိုးအချင်းချင်း ကိုယ်ချင်းစာနာတတ်ပြီး  သစ္စာရှိရာရောက်စေတယ် ဆိုတဲ့    အသိတရားလေးတစ်ခု    ရရှိလာစေချင်တဲ့ သဘောပါ၊၊
တရားသဖြင့် စီးပွားရှာခြင်း သဘောတရားမှာ တင်းတိမ်ရောင့်ရဲရမယ်ဆိုတဲ့             အချက်ဟာ သူ့ကန့်သတ်ချက်နဲ့သူရှိပါတယ်၊၊ စီးပွားရှာတဲ့အခါ သင့်တင့်တဲ့လောဘနဲ့ ကြိုးစားရှာဖွေထားသင့်ပါ တယ်၊ ရှာသင့်ရှာထိုက်တဲ့အချိန်မှာ  လုံ့လဝီရိယနဲ့ ရသလောက်      ရှာထားရပါမယ်။    အခွင့်အရေးရှိ သလောက်ရှာထားပြီး ရှိသလောက်နဲ့ တင်းတိမ်နေဖို့ မဟုတ်ပေမယ့်    ရသလောက်နဲ့တော့ တင်းတိမ် ရောင့်ရဲနိုင်ရပါမယ်။ ဒီလိုမှမဟုတ်ဘဲ မရရတဲ့နည်း နဲ့     အလွန်အကျွံဖြစ်လာရင်တော့   ဝိသမလောဘ အစွန်းတစ်ဖက်ကို ရောက်သွားနိုင်ပါတယ်။  စီးပွား ရှာတာ အမြတ်ရဖို့ဆိုတာမှန်ပေမယ့်  လိုတာထက် ပိုပြီးအမြတ်မယူမိဖို့နဲ့   သူများအပူကနေ   မတန် တဆအမြတ်ယူပြီး ကိုယ့်အပူမဖြစ်ဖို့ဘဲ လိုပါတယ်။ သူများသောကကို ကိုယ့်သောကလို သဘောမထား ရင်    ကိုယ်ချမ်းသာနေတာလည်း    အပြစ်ကင်းတဲ့ ချမ်းသာမှုဟု မဆိုနိုင်ပါဘူး။
တကယ့်ချမ်းသာအစစ် ဆိုတာမှာ
မြန်မာတွေဆိုတာ သဒ္ဓါရှေ့ဆောင်ဒါနအရာမှာ ထက်သန်သူတွေဖြစ်ပါတယ်၊ ကိုယ့်ထက်နိမ့်ပါးသူ ဆို သနားတတ်၊  ကြင်နာတတ်၊  ကရုဏာတရားကြီး တတ်ကြသူတွေပါ။ ဗုဒ္ဓဘာသာဝင်များပီပီ လှူတတ် ရင် မြတ်တယ်လို့ ခံယူထားသူတွေဖြစ်ပြီး ထက်သန် တဲ့   စေတနာနဲ့အတူ    တစ်ဘဝစာမက   သံသရာ အတွက်ပါ တစ်သက်စာကြည့်တတ်ကြသူတွေရယ် လို့ သတ်မှတ်ခြင်းခံရသူတွေ ဖြစ်ပါတယ်။ 
တချို့ဆို    ကိုယ့်ဥစ္စာ၊      ကိုယ့်ပစ္စည်းသာမက ကိုယ့်ခန္ဓာ ကိုယ့်အသက်တောင် စွန့်ဝံ့သူတွေရှိကြ ပါတယ်။     တရားအလိုအရတော့   “စာဂ”     ပေါ့။ တကယ်တမ်းမှာ  တရားသဘောအရဆို ကိုယ်ပိုင် ကိုယ့်ပစ္စည်းကို စွန့်ချင်စိတ်နဲ့ လွှတ်ချလိုက်တာနဲ့ ကိုယ့်ဆီက လွတ်သွားတယ်ဆိုတာ တချို့သိကြပါ တယ်။ ဘာတွေလွတ်သွားသလဲဆိုတော့ “လောဘ”၊ လောဘအပြင်    လောဘနဲ့ယှဉ်လျက်      ဝန်တိုမှု မစ္ဆရိယဆိုတဲ့ အကုသိုလ်တရားတွေပါ လွတ်သွားပါ တယ်။ လောဘနဲ့ မစ္ဆရိယအပြင် ကိုယ်လိုချင်တာ မရရင်  ဒေါသလည်း  လိုက်တတ်ပါတယ်။ တစ်ခါ ထိုကဲ့သို့သော   အကုသိုလ်တွေပြုပြီးမှ   နောင်မှာ နောင်တရပြီး    ငါ့မှာရှိတုန်း     ငါမပေးလိုက်ရဘူး၊ ငါမဖြန့်လိုက်ရဘူးဆိုတဲ့ ကုက္ကုစ္စ စတဲ့  အကုသိုလ် တရားတွေလည်း လိုက်လာနိုင်ပါသေးတယ်။ 
ဒီလိုတရားသဘောတွေကို     အားလုံးထက် ပိုမြင့်နေသူတွေ၊    အားလုံးထက်    ပိုရှိနေသူတွေ၊ အားလုံးထက်    အမြတ်ကြီးမြတ်နေသောသူတွေ ရသွားစေချင်ပါတယ်၊   မြန်မာနိုင်ငံမှာက   အလှူခံ ထိုက်သူတွေ၊  ပေးဝေခံယူထိုက်သူတွေ သူ့နေရာနဲ့ သူ များလွန်းလှတဲ့အတွက် ပေးဝေသူတွေဘက်ကနေ ကိုယ်ပိုင်ဆိုင်တဲ့အရာတွေအနက်က      တစ်စိတ် တစ်ပိုင်းပဲဖြစ်ဖြစ် လွှတ်ချ၊ လျှော့ချစေလိုတဲ့ ဒါနရဲ့ သဘောကို ရသွားစေချင်တာပါပဲ။ ဒါ့အပြင် တကယ့် ချမ်းသာအစစ်သဘောကိုလည်း   သိချင်လှပါတယ်။  ချမ်းသာတယ်ဆိုတာ ကိုယ့်မှာပစ္စည်းဥစ္စာ ငွေကြေး ဓနတွေ ပြည့်စုံကြွယ်၀နေလို့ ချမ်းသာနေတာထက် ကိုယ့်မှာရှိတဲ့ပစ္စည်းကို    လိုအပ်နေတဲ့သူတွေထံ ပေးလိုက်ရလို့ ကိုယ့်စိတ်ထဲမှာ ချမ်းသာသွားတာ၊ ကိုယ့်မှာဘာမှမရှိတော့ရင်တောင် ဘာမှတွယ်တာ စရာမရှိတော့တဲ့အထိ        ကိလေသာကင်းသွားတဲ့ ချမ်းသာအစစ်၊    ကိုယ့်လက်ထဲက  ပစ္စည်းတစ်ခု စွန့်လွှတ်လိုက်ရလို့ လွတ်သွားတဲ့အခါ  လွတ်လပ် သွားတဲ့        ချမ်းသာခြင်းသဘောလေးကိုလည်း သိစေလိုတဲ့... တကယ့်စေတနာနဲ့ရယ်ပါ။
ယူမယ့်လက်... ထက် 
ပေးမယ့်လက်ကိုသာ မျှော်နေကြပြီ
လူတိုင်းကပြည့်စုံချင်ကြတယ်၊   ပြည့်ပြည့်စုံစုံ နေချင်ကြတယ်၊    ပြည့်စုံမှလည်း   ချမ်းသာခြင်းကို ရနိုင်တာကိုး။  လက်တွေ့မှာ  ချမ်းသာအစစ်ကိုရဖို့ ခဲယဉ်းသလို ပြည့်စုံခြင်းဟာလည်း တစ်ခဏတာပဲ ရှိတယ်ဆိုတာ   တရားသဘောအရတော့    တီးမိ ခေါက်မိရှိပါတယ်။     တကယ်တော့      ပြည့်စုံခြင်း ဆိုတာ      ပျက်စီးခြင်းမရောက်မီကာလမှာသာ    ပြည့်စုံနေတယ်ထင်ရတာပါ။ ဘာမှမမြဲတဲ့  သဘော ချည်းမို့  မပျက်စီးဘူးဆိုတာလည်း  မဖြစ်နိုင်ပါဘူး။ နောက်ဆုံးအချိန်နီးခါမှ ကိုယ်ပိုင်တာ ဘာမှမရှိဘူး ဆိုတာ   သိလိုက်ရသလို    ပြည့်စုံမှုဆိုတဲ့    အရာဟာ လည်း ပျက်စီးခြင်းမှာသာ နောက်ဆုံးရှိပါပေတယ်။ ဒါကြောင့်  သင့်ရဲလက်ကို ယူမယ့်လက်မဖြစ်စေဘဲ ပေးမယ့်လက်သာ   ဖြစ်စေချင်ပါတယ်။   ရှိတာကို မဆုပ်ထားဘဲ ဖြန့်လိုက်စေချင်ပါတယ်။   ပေးမယ့် သူရဲ့လက်ဆိုတာ   အမြဲဖြန့်ထားရမှာပါ။    ယူတဲ့ ဘဝထက် လှူတဲ့ဘဝကို ပိုပြီးမက်မောစေချင်တယ်။ ဒါကြောင့်လည်း   ရှာကြရတာပေါ့။   ကျွန်တော်တို့ စီးပွားရှာတယ်ဆိုကတည်းက ဖြစ်လေရာဘဝမှာ ရလာတဲ့အကျိုးအမြတ်ကို    ကိုယ်နဲ့ကိုယ့်မိသားစု အပြင်    အများအတွက်၊   သာသနာအတွက်   ပေးဖို့ လှူနိုင်ဖို့ ဆုတောင်းများလည်းပါခဲ့ကြပြီး မဟုတ်ပါ လား၊၊
လောဘဆိုတဲ့တရားဆိုးဟာ  တကယ့်အပါယ် လားမယ့် အကုသိုလ်ဆိုတာသိရင် ဒါကိုဘာကြောင့် လိုချင်ကြပါမလဲ။     ကိုယ်ကိုယ်တိုင်ချမ်းသာချင်လို့၊ လက်ရှိကိုယ့်မိသားစုအပြင်      နောင်သားသမီး မျိုးဆက်အဆက်ဆက်အထိ    စဉ်းစားပြီး   ရှာကြ၊ စုကြတာပါပဲ။   ဆိုခဲ့တဲ့  သမ္မာအာဇီဝထိုက်သင့်တဲ့ လောဘနဲ့     အတ္တနဲ့ပရ     မျှမျှတတရှိကြရင်တော့ အတိုင်းထက်အလွန် တကယ့်သူတော်ကောင်းပေါ့၊ သို့ပေမယ့် ဆန့်ကျင်ဘက်အစွန်းရောက်သွားတဲ့ခါ မဖြစ်သင့်တဲ့အရာတွေ ဖြစ်သွားနိုင်တယ်ဆိုတာကို တော့      သတိချပ်စေချင်ပါတယ်၊၊       ကိုယ့်မှာရှိတဲ့ နည်းနည်းပဲဖြစ်ဖြစ်၊ များများပဲဖြစ်ဖြစ်  ဆုပ်ကိုင် မထားဘဲ  ဖြန့်ပေးနိုင်တဲ့သတ္တိ၊ ပေးဝေနိုင်တဲ့သတ္တိဟာ ကောင်းမွန်တဲ့ကံတွေကိုထူထောင်ရာ   စေတနာတွေ ပါပဲ။ “သြော်... ငါ့မှာရှိတဲ့ပစ္စည်း ငါလှောင်မထားဘဲ၊ ဈေးမကစားဘဲ၊ အများကြီးဈေးမတင်ဘဲ လိုအပ်ရင် ဈေးလျှော့ရောင်းလိုက်မယ်၊     ငါပစ္စည်းအစစ်ကိုပဲ ရောင်းမယ်၊      ဥပဒေပြင်ပကပစ္စည်း   ဘာတစ်ခုမှ မရောင်းဘူး၊      ဒီအချိန်မှာ    ပစ္စည်းပြတ်နေရင် မရှိဆင်းရဲလိုအပ်နေသူတွေ ဒုက္ခရောက်လိမ့်မယ်” ဆိုတဲ့      ကိုယ်ချင်းစာစိတ်၊   သနားညှာတာစိတ် ဤစိတ်ထားလေးတွေဟာ တကယ့်စေတနာမှန်ရဲ့အခြင်းအရာများပါပဲ။ 
တစ်နည်းအားဖြင့်  လောဘနဲ့ယှဉ်တဲ့ ဆုပ်ကိုင် ထားသော လက်တွေနေရာမှာ ပေးမျှဝေဖို့ဖြန့်လိုက် တဲ့ သန့်ရှင်းစင်ကြယ်တဲ့လက်များနဲ့အစားထိုးထားတဲ့    စေတနာတွေပါပဲ။       ထိုစေတနာတွေကပဲ ကောင်းတဲ့ကုသိုလ်ကံအကျိုးကို ပေးသွားတာပါ။ ဒီကုသိုလ်ကံ စေတနာတွေဟာ သုဂတိဘုံတင်မက နိဗ္ဗာန်အထိတောင်          အကျိုးပေးတယ်ဆိုတာ ကျွန်တော်တို့မြတ်ဗုဒ္ဓကလည်း    ဟောကြားတော် မူပြီး   ဖြစ်ပါတယ်။   အရတော်လို့ရလာတဲ့ ရခဲလှတဲ့ လူ့ဘဝမှာ ဘာကြောင့်အရှုံးခံပြီး အများမကြိုက်တဲ့ မိစ္ဆာအာဇီ၀အလုပ်တွေ   လုပ်ကြမလဲ။    သွားခြင်း ကောင်းအောင် သမ္မာအာဇီဝအလုပ်တွေပဲ ကြိုးစား လုပ်ကြခြင်းဖြင့် ပေးဝေမျှသူဘက်က‌ရော  ရယူသူ ဘက်ကပါ   အကျိုးကျေးဇူးများလှတဲ့   ဒီသဘော တရားလေးတစ်ခုကို   နှလုံးသွင်းဆင်ခြင်မိအောင် တင်ပြနေရခြင်းဖြစ်ပါတယ်။ 
တိုင်းပြည်တစ်ပြည်မှာ လူ့အဖွဲ့အစည်းတစ်ခုမှာ လူတွေစားရေး၊ ဝတ်ရေး၊   နေရေးအဆင်မပြေဖြစ် ခြင်းကို နိုင်ငံရဲ့အမျိုးသားလုံခြုံရေးအထိ ဆက်စပ် စဉ်းစားနိုင်ပါတယ်၊ အချို့ နိုင်ငံရေး သုတေသီတွေ ဟာ    ဝိသမလောဘဆန်တဲ့      စီးပွားထူထောင်မှုကို နိုင်ငံရေးပယောဂ၊     နိုင်ငံရေးအာဃာတများနဲ့ပါ အကြောင်းအကျိုးဆက်စပ်မှုတစ်ရပ်အနေနဲ့  ထည့် သွင်းစဉ်းစားလေ့ရှိကြသလို စီးပွားရေးမတည်ငြိမ်မှု က     နိုင်ငံရေးတည်ငြိမ်မှု    ပျက်ပြားသည်အထိ ဖြစ်သွားတဲ့သာဓကတွေ ယနေ့ကမ္ဘာ့မျက်မှောက်အရေးအခင်းများစွာမှာ    နမူနာယူလေ့လာနိုင်ပါ တယ်။ ဒါကြောင့် တစ်ခုပြိုလဲရင်  နောက်ဆက်တွဲ ကျန်တာတွေလည်း ပြိုဆင်းသွားနိုင်တဲ့ အကြောင်း အကျိုးဆက်စပ်မှုကို      အထူးသတိထားကြရတာ ဖြစ်ပါတယ်။ 
စီးပွားရေးဖွံ့ဖြိုးရေးကို          နိုင်ငံလုံခြုံရေး၊  ငြိမ်းချမ်းရေးအမြင်များနဲ့ပါ     ဆက်စပ်စဉ်းစားပြီး ဝိသမလောဘနဲ့ဈေးကစားခြင်း၊ ဝါဒဖြန့်၊ သတင်း မှားဖန်တီးမှုနဲ့ ဈေးကစားခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့် ခြင်း ကိစ္စတွေကို သတိထားကိုင်တွယ်ဖြေရှင်းနေကြ ရတာဖြစ်သလို တစ်ဖက်ကလည်း တရားမျှမျှတတနဲ့ သမ္မာအာဇီ၀ကျကျ   လောဘမတက်၊  အတ္တမဖက် ဘဲ ငဲ့ညှာထောက်ထားတဲ့ဓမ္မစက်နဲ့ လုပ်ကြကိုင်ကြ ရင် လူ့လောက၊  လူ့ဘဝကြီးဟာ တကယ်ကို နေချင် စရာကောင်းနေပါလိမ့်မယ်။   သို့မှသာ    နိုင်ငံကြီး သားပီသတဲ့     နိုင်ငံသားကောင်းတွေ   နေထိုင်တဲ့ အကြောင်းကောင်း၍ အကျိုးကောင်းရာ ပုံရိပ်ကောင်း တဲ့ နိုင်ငံတော်ကြီးဖြစ်နေပါလိမ့်မယ်။      ။