ဆုံးရှုံးနိုင်ခြေအန္တရာယ်မြင့်မားသည့် မှုခင်းများနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်များအား အများပြည်သူသိရှိစေရန် ရှင်းလင်းဆွေးနွေးပွဲကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၁၃


ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပါ  ပြဋ္ဌာန်းချက်များနှင့်အညီ အခွန်ရှောင်ရှားခြင်း၊ အခွန်လျော့နည်းပေးဆောင်ခြင်း၊ အခွန်ဆိုင်ရာသတင်း အချက်အလက်များ လွဲမှားစွာ ဖော်ပြခြင်းနှင့် အခွန်ရှောင်တိမ်းခြင်းတို့နှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများပါဝင်သော အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက် (Public Ruling) (၃/၂၀၂၂) ကို ၂၀၂၂  ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်၍  နိုင်ငံပိုင်သတင်းစာများတွင် လည်း ကောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ website ဖြစ်သည့် https: //www.ird.gov.mm တွင်လည်း ကောင်း ထည့်သွင်းအသိပေးခဲ့ပြီးဖြစ်သည်။

 


အဆိုပါ အများပြည်သူသိရှိလိုက်နာရန် သတ်မှတ် ချက် (Public Ruling) များအရ အခွန်ရှောင်ရှားခြင်း၊ ပေါ့ဆမှုဖြင့် သို့မဟုတ် မရိုးမဖြောင့်သော ရည်ရွယ် ချက်ဖြင့် အခွန်လျော့နည်းပေးဆောင်ခြင်း၊ မှားယွင်း သော သို့မဟုတ်  လမ်းလွဲစေနိုင်သော  ဖော်ပြချက် များနှင့် အခွန်ရှောင်တိမ်းခြင်း စသည်တို့ကို ဖောက် ဖျက်ကျူးလွန်ပါက အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ဖြင့်   အရေးယူခံရမည့်အပြင်   ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရလည်း ထပ်မံတရားစွဲဆိုခံ ရနိုင်ကြောင်း အများပြည်သူသို့ အသိပညာပေးသည့် ရှင်းလင်းဆွေးနွေးပွဲများကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ အလယ် အလတ် အခွန်ထမ်းများ ဆိုင်ရာ အခွန်ရုံး(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)တို့တွင် ပြုလုပ် ခဲ့ရာ အခွန်ထမ်းပြည်သူများ၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မှ  တာဝန်ရှိပုဂ္ဂိုလ်များ၊  မြန်မာနိုင်ငံ  လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းအခွန် များဦးစီးဌာနမှ   တာဝန်ရှိပုဂ္ဂိုလ်များ   စုစုပေါင်း    ၅၉၅၇    ဦးခန့်  တက်ရောက်ခဲ့ကြောင်း   သိရ သည်။   


သတင်းစဉ်