
နေပြည်တော် မေ ၁၇
ဆဋ္ဌမအကြိမ်မြောက် မြန်မာ - အိန္ဒိယနှစ်နိုင်ငံ လေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက် ရန် အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelli-gence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့သည် မေ ၁၃ ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာရာ တပ်မတော်(လေ)မှအရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့်တာဝန် ရှိသူများက နေပြည်တော်လေဆိပ် ၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
မေ ၁၄ ရက်တွင် ဆဋ္ဌမ အကြိမ်မြောက် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ လေတပ်ချင်းတွေ့ဆုံ ဆွေးနွေးပွဲကို နေပြည်တော် လေတပ်စခန်း၌ ကျင်းပပြုလုပ်ခဲ့ ရာ ဆွေးနွေးပွဲသို့ တပ်မတော် (လေ)မှ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ လေတပ် ကွပ်ကဲမှု ဌာနချုပ်မှူး ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့ဝင် များ၊ အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelli-gence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်၊ လေတပ် ကွပ်ကဲမှုဌာနချုပ်မှူးနှင့် အိန္ဒိယ လေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichett-ira Iyappa Kuttappa VM VSM တို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။ ထို့နောက် ကျင်းပပြီးစီးခဲ့သော ပဉ္စမအကြိမ် အိန္ဒိယ - မြန်မာ နှစ်နိုင်ငံလေတပ် ချင်း ဆွေးနွေးပွဲဆုံးဖြတ်ချက်များ နှင့် ဆောင်ရွက်ပြီးစီးမှုများကို ဖတ်ကြားရှင်းလင်းပြီး ဆဋ္ဌမ အကြိမ် မြန်မာ - အိန္ဒိယနှစ်နိုင်ငံ လေတပ်ချင်း အစည်းအဝေး ခေါင်းစဉ်များကို နှစ်နိုင်ငံ ကိုယ်စားလှယ်များက ဆွေးနွေး ခဲ့ကြသည်။ ယင်းနောက် အမှတ် တရလက်ဆောင်များ အပြန် အလှန်ပေးအပ်ကြပြီး စုပေါင်း ဓာတ်ပုံရိုက်ကြသည်။ ဆက်လက် ၍ PARK ROYAL HOTEL ၌ အစည်းအဝေး ပြီးမြောက်ခြင်း အထိမ်းအမှတ် ညစာစားပွဲအား တပ်မတော်(လေ)က တည်ခင်း ဧည့်ခံခဲ့သည်။
မေ ၁၅ ရက်တွင် အဆိုပါ အိန္ဒိယကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ အထင်ကရနေရာ များဖြစ်သည့် တပ်မတော် စစ်သမိုင်းပြတိုက်၊ သူရဲကောင်း စစ်သည်ဗိမာန်၊ ကျောက်မျက် ရတနာပြတိုက်သို့ သွားရောက် လေ့လာခဲ့ပြီး ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြ သည်။
မေ ၁၆ ရက်တွင် Assistant Chief of the Air Staff (Intelli-gence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့သည် လေကြောင်း အတတ်သင် လေတပ်စခန်းဌာန ချုပ်သို့သွားရောက်ခဲ့ရာ တာဝန် ရှိသူတစ်ဦးက လေကြောင်းစစ်ဆင် ရေးသင်တန်းကျောင်း၊ အစည်း အဝေးခန်းမ၌ တပ်သမိုင်းအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းခဲ့ပြီး လက်ဆောင်ပစ္စည်းများ အပြန် အလှန် လဲလှယ်ခဲ့ကြသည်။ ထို့နောက် လေယာဉ်ရုံအမှတ်(၁)ကို ဆက်လက်ကြည့်ရှုလေ့လာ ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။ ယင်းနောက် မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ် အောင်ဆန်းဈေးသို့ လှည့်လည် ကြည့်ရှုလေ့လာခဲ့ပြီး ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ဖူးမြော် ကြည်ညိုကြသည်။
မေ ၁၇ ရက် နံနက်ပိုင်းတွင် အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelli-gence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ဝင်များသည် ရန်ကုန် မြို့မှ အိန္ဒိယနိုင်ငံသို့ ပြန်လည် ထွက်ခွာကြရာ တပ်မတော်(လေ)မှအရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel Jaswinder Singh Gill နှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်