![](/npe/sites/default/files/2021-11/Tin%20Soe-1.jpg)
အရှင်ပညိန္ဒ
(ဦးမြသန်းစံ)
ရန်ကုန် နို၀င်ဘာ ၁၅
ပြန်ကြားရေး၀န်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး ကြိုးပမ်းရေးသားပြုစုခဲ့သူများအား လေးစားအသိအမှတ်ပြု သောအားဖြင့် ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုရရှိသော စာရေးဆရာကြီးများအား မြန်မာ့အလင်းက ဆက်လက် တွေ့ဆုံဂါရ၀ပြုမေးမြန်းခဲ့သည်။
အရှင်ပညိန္ဒ(ဦးမြသန်းစံ)
စာပဒေသာဆု
အရှင်ပညိန္ဒ(ဦးမြသန်းစံ)က “ဦးဇင်း တို့ ဝိပဿနာတရား အားထုတ်လာ တာ နှစ်ပေါင်း မနည်းတော့ပါဘူး။
မှန်တယ်လို့လည်း ယူဆတာပေါ့နော်။ သို့သော် ဆရာတော်ကြီးရဲ့ တရားတော် တွေကို နာလိုက်တဲ့အခါမှာ ဝိပဿနာ တရားကို ဘယ်လိုစနစ်တကျအားထုတ် သင့်သလဲဆိုတာ သိသွားတယ်။ ပထမဝါ တော့ မှော်ဘီပေါ့၊ ဒုတိယဝါကျတော့ ဆရာတော်ကြီးဆီမှာ တရားကျေးဇူး ဆပ်ရင်း ဆရာတော်ကြီးဆီမှာ ဝါဆို မယ်၊ ဝိသုဒ္ဓိမဂ်သင်တန်းတွေ ဖွင့်ထား တယ်။ သင်တန်းတွေလည်း တက်ရင်း ဆရာတော်ကြီးကို ကျေးဇူးဆပ်မယ် ဆိုပြီးတော့ ဆရာတော်ကြီးဆီမှာ ဒုတိယ ဝါဆိုတာပေါ့၊ ဆရာတော်ကြီးဆီမှာ ညစဉ်အဆုံးအမခံရင်းနဲ့ ဆရာတော်ကြီး က အတ္ထုပ္ပတ္တိစာအုပ်တွေကို ရေးခဲ့တာ ရွှေဟင်္သာဆရာတော်ကြီး၊ စံကင်း ဆရာတော်ကြီး၊ ဒေါ်မာလာတို့ ရေးခဲ့ ပြီးတော့ သူ့ကိုရေးမယ့် လူမရှိဘူး ဖြစ်နေ တယ်၊ အဲ့ဒါဦးဇင်းလည်း စကားစပ်ရင်းနဲ့ ဆရာတော် တပည့်တော် ရေးခွင့်ရှိမလား ဆိုတော့ ဆရာတော်ကြီးကလည်း မှတ်စု စာအုပ်နဲ့ အကြမ်းအတိုအစလေးတွေ သူ့ဟာသူ ရေးထားတာလေးတွေ ရှိတယ်၊ ဒါနဲ့မှတ်စုစာအုပ်ကို ဓာတ်ပုံရိုက်ပြီး သူရေးခဲ့တဲ့ စာအုပ်တွေကိုဖတ်ရင်း ရေးဖို့ အတွက် ပြင်ဆင်ရတာပေါ့၊ အဲဒီတော့ ညတိုင်း ဆရာတော်ကြီးဆီမှာ အခါ အားလျော်စွာ ဆရာတော်ကြီးဆီမှာ မေးခွန်းတွေစောင့်၊ အင်တာဗျူးလုပ်၊ အသံဖမ်း အဲဒါတွေကို လုပ်ရတာပေါ့၊ ပြီးတော့ဆရာတော်ကြီးရဲ့ မွေးရပ်မြေ မှာ ဆရာတော်ကြီးရဲ့ ငယ်သူငယ်ချင်း အဟောင်းတွေနဲ့တွေ့ပြီး အင်တာဗျူးတွေ လုပ်ပေါ့၊ ဆရာတော်ကြီးနေခဲ့တဲ့ စစ်ကိုင်း၊ မုံရွာ အဲဒီကျောင်းတိုက်တွေကို သွားရတာ ပေါ့။အဲဒီမှာသွားလေ့လာပြီး ဆရာတော် ကြီးနဲ့ အစ်ကိုအစ်မတွေ အပါအ၀င် သီလရှင်ကြီးတွေနဲ့တွေ့ပြီး အချက် အလက်တွေအကုန် စုစည်းတည်ဆောက် ပေါ့။ နောက်ပြီးတော့ ဆရာတော်ကြီးရဲ့ တပည့်တွေဆီမှာလည်း သွားမေးတယ်၊ တစ်ခါထပ်ပြီး အနီးအနားတပည့်တွေကို လည်းမေးတယ်၊ အဲဒီအချက်အလက် စုတာတင် ငါးလလောက်ကြာတယ်၊ စုပြီး ပဲခူးကျောင်းကို ပြန်လာပြီး ရေးဖို့အတွက် ပြင်ဆင်ရတာပေါ့၊ ဆရာတော်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိကို ဘယ်လိုရေးကြလဲဆိုတာ လေ့လာ၊ ဘာသာပြန်တွေလည်း လေ့လာ၊ နှစ်လလောက် စာတွေပြန်ဖတ်ပြီး ရေးရ ပါတယ်၊ ရတဲ့အချက်အလက်တွေနဲ့တရား တွေနဲ့ လုံးကောက်တွေကို ပြန်တည် ဆောက်ပြီး ငယ်ဘ၀၊ ကိုရင်ဘ၀၊ လူလတ် ပိုင်း၊ ရဟန်းဘ၀တွေကို အကုန်စုစည်းပြီး ရေးတာ အားလုံး တစ်နှစ် နှစ်လကြာ ပါတယ်၊ ပြီးတော့ပုံအတွက်ကိုလည်း ရွေးရတာပေါ့၊ စာအုပ်အရွယ်အစား၊ ဆိုဒ်၊ စာရွက်အားလုံးကို စီစဉ်ရတာပေါ့။
ဆရာတော်ကြီးဆီကရတဲ့ ဝိပဿနာနဲ့ ပတ်သက်တဲ့ အသိတရားတွေကို ကျေးဇူး ရှိနေတော့ အဲဒါနဲ့ကျေးဇူးဆပ်လိုက်တယ်၊ အဲဒီတော့ “ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ၏ “ဘ၀ခရီး နှင့် ဓမ္မဆီမီး” ရေးတာ စာမူခ သိန်း ၂၀၀ ရတာကို ဆရာတော်ကြီးရဲ့ သာသနာပြု လုပ်ငန်းအတွက် လှူလိုက် တယ်၊ အတ္ထုပ္ပတ္တိရေးတဲ့အခါမှာလည်း စာမျက်နှာ ၁၀၀ ပြည့်တိုင်း ဆရာတော် ကြီးဆီသွားပြီး Edit လုပ်တယ်၊ စာရေး ဆရာလည်းဖြစ်တယ်၊ စာတတ်ပြီး အာဘော်တွေလည်း မလွန်အောင်ပြတယ်၊ စာမျက်နှာ ၆၀၀ လည်း ပြည့်တော့ စာအုပ်ထုတ်မယ့်ပုံစံကိုပြပြီး ဆရာတော် ကျေနပ်တယ်ဆိုတော့မှ ထုတ်လိုက် တယ်။ ဦးဇင်းကတော့ တက္ကသိုလ် ကျောင်းသားကတည်းက ကဗျာ၊ ဆောင်း ပါး၊ ၀တ္ထုတို၊ ၀တ္တုရှည်နဲ့သီချင်းတွေ ရေးဖြစ်ခဲ့ပါတယ်။ စာဖတ်ဝါသနာပါတယ်၊ အရွယ်နဲ့တန်တဲ့စာတွေ ရေးရင်းရေးရင်း နောက်ဆုံးဗုဒ္ဓစာပေဘက် ရောက်လာတာ ပါ။ ၂၃ အုပ် ရေးပြီးပါပြီ၊ ဆရာတော်ကြီး တရားတွေကို အားလုံးကသိပေမယ့် ပါမောက္ခချုပ်ဖြစ်လာဖို့ကို နှစ်ပေါင်း ၈၀ လောကဓံတရားကို ဘယ်လိုဖြတ်သန်း ခဲ့လဲဆိုတာ သိစေချင်လို့ပါ။ ဆုရရှိတာကို သိပ်ခံစားရတာ မရှိပေမယ့် ဆရာတော် ကြီးကို ကျေးဇူးဆပ်ခွင့်ရလိုက်တာက တော့ သိပ်ပီတိဖြစ်မိပါတယ်။ ကိုယ့်ရဲ့ ကလောင်နဲ့၊ လုပ်အားခနဲ့ သာသနာပြု လုပ်ငန်းတွေမှာ လှူလိုက်ရတော့ အလွန် ကျေနပ်ပီတိဖြစ်မိပါတယ်။ ရရှိမယ့် ဆုကြေးကိုလည်း ခြောက်ပုံပုံပြီး လိုက် ကန်တော့လိုက်ပါလို့ မှာထားပါတယ်။ အမေရယ်၊ စာပေကျေးဇူးရှိတဲ့ ဆရာ သမားတွေ၊ ဂီတကျေးဇူးရှိတဲ့ ဆရာသမား တွေ၊ သံဃာ့ဆေးရုံ၊ ဘိုးဘွားရိပ်သာ အဲဒါ တွေကိုလှူဒါန်းပါမယ်”ဟု မိန့်ကြားသည်။
အရှင်ပညိန္ဒ (ဦးမြသန်းစံ) သည် ၁၉၅၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် အဘ ဦးစံမောင်၊ အမိ ဒေါ်ခင်တင့်တို့မှမွေးဖွားသည်။ ၁၉၆၃ မှ ၁၉၇၂ အထိ အ.လ.က.(၂)ရန်ကင်းတွင် အဋ္ဌမတန်းထိ ပညာသင်ကြားခဲ့သည်။ ၁၉၇၂ မှ ၁၉၇၄ ထိ အထက(၃) တာမွေတွင် ဒသမတန်း အထိ ပညာသင်ကြားခဲ့သည်။ ၁၉၇၄ ခုနှစ် တွင် အခြေခံပညာအထက်တန်း စာမေးပွဲ ကို (သင်္ချာ၊ ဓာတု)ဂုဏ်ထူး နှစ်ခုဖြင့်အောင်မြင်ခဲ့သည်။ ၁၉၇၄ မှ ၁၉၇၈ ထိ ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ဓာတုဗေဒ ဌာန၌ ပညာသင်ကြားခဲ့ပြီး ၁၉၇၈ ခုနှစ် တွင် သိပ္ပံဘွဲ့(ဓာတုဗေဒ) ရရှိခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် သာသနာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် တွင် ဗိုလ်မှူးအဆင့်ဖြင့် အငြိမ်းစားယူ ခဲ့သည်။ မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာများ၌ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများစွာရေးသားခဲ့သည်။ ရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်း၊ ဇာတ်ညွှန်းများ တေးသီချင်းများစွာ ရေးသားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် မဟာဗောဓိမြိုင်ဆရာတော်ကြီးအား ရှမ်း ပြည်နယ် မိုင်းပြင်းမြို့နယ် သုဝဏ္ဏ သျှမ်တောင်တွင် ဖူးမြင်ခဲ့ပြီးနောက်ပိုင်း ဘဝအမြင်များ ပြောင်းလဲသွားခဲ့ပြီး ၁၉၉၇ ခုနှစ်မှစ၍ ဘာသာရေးဆောင်းပါး များ တစိုက်မတ်မတ် ရေးသားလာခဲ့ကာ ယနေ့အထိ ဘာသာရေးစာအုပ် ၂၃ အုပ်ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိနှစ်ပေါင်း ၂၀ တိုင်အောင် အပ္ပမာဒဓမ္မရသမဂ္ဂဇင်း ကို ထူထောင်၍ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ စီစဉ်ထုတ်ဝေခဲ့သည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် မဟာဝိဟာရကျောင်း တိုက်(မှော်ဘီ) ကျောင်းတိုက်၊ ဥပဇ္ဈာယ် ဆရာတော် အရှင်ဝိဇ္ဇာနန္ဒထံတွင် ရဟန်း ပြု၍ သာသနာ့ဘောင်သို့ ဝင်ရောက် ခဲ့ပြီး ဘွဲ့အမည် အရှင်ပညိန္ဒဖြစ်သည်။
ရဟန်းနှစ်ဝါအရ (၂၀၁၉ ခုနှစ်)တွင်
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒ မာလာဘိဝံသ၏ အတ္ထုပ္ပတ္တိ “ဘဝခရီးနှင့် ဓမ္မဆီမီး”ကို ရေးသားပြုစုထုတ်ဝေခဲ့ သည်။ ယခုအခါ ရဟန်း ငါးဝါမြောက် အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း အပ္ပမာဒ ထင်းရှူးရိပ်တောရတွင် တစ်ပါးတည်းတောရဆောက်တည် သီတင်းသုံးနေထိုင် လျက်ရှိသည်။ တင်စိုး၊ ဓာတ်ပုံ-အာကာစိုး