
နေပြည်တော် ဖေဖော်ဝါရီ ၁၇
နိုင်စာပေက ဆရာချစ်နိုင် (စိတ်ပညာ) ၏ “ဦးလည်မသုန်” အမည်ရှိ စာအုပ်ကို ထုတ်ဝေလိုက်သည်။ ဆရာချစ်နိုင် (စိတ်ပညာ) သည် ချစ်လို့ ပြောတာမှတ်ပါ စာအုပ်ဖြင့် အောင်မြင်ကျော်ကြားခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော် စာနယ်ဇင်းများတွင် စဉ်ဆက်မပြတ် ရေးသားနေသော ဆောင်းပါးရှင် တစ်ယောက်ဖြစ်သည်။ အများအားဖြင့် လူငယ် ပရိသတ်ကို ဦးတည်ရေးလေ့ရှိခဲ့သည်။ ဦးလည်မသုန်စာအုပ်သည်လည်း နိုင်ငံ့ဝန်ထမ်းများ၊ ပညာတတ် လူငယ်လူရွယ်များအတွက် လက်တွေ့ အထောက်အကူရစေနိုင်မည့် အတွေးအမြင်ဗဟုသုတတို့ကို ဖော်ပြ ထားသည်။
မိမိနှင့်တိုင်းပြည်၊ အနာဂတ်ကို မြော်ခေါ်မြော်မြင်၊ မိသားစုတန်ဖိုး၊ ပညာလိုချင်စိတ်၊ ဆက်ဆံမှုနှင့် အောင်မြင်ရေးစသော ဆောင်းပါး ရေးဟန်ဖြင့် အကြောင်းအရာ (၂၇) ပုဒ် ပါဝင်ကြောင်း တွေ့ရသည်။ စကားပြေချောမောပြေပြစ်ပြီး အကြောင်းအရာများက ဆွဲဆောင်မှု ရှိသဖြင့် စိတ်ဝင်စားဖွယ်ကောင်းသည့် စာအုပ် ဖြစ်သည်။ အုပ်ရေ ၁၀၀၀ ထုတ်ဝေပြီး စာအုပ် တန်ဖိုး ၅၀၀၀ ကျပ်ဖြင့် ဖြန့်ချိကြောင်း သိရသည်။
သတင်းစဉ်