ဆရာ ဆရာမများရဲ့ ပီတိ၊ ကျောင်းသား ကျောင်းသူများရဲ့ အပြုံး

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာဦးစီးဌာနအောက်မှ အခြေခံပညာကျောင်းများကို ယနေ့ စတင်ဖွင့်လှစ်ရာ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အတန်းအလိုက် ကျောင်းသား ကျောင်းသူများ လာရောက်ပညာသင်ကြားလျက်ရှိသည်။
သို့ဖြစ်ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းများတွင် အတန်းအလိုက် ပညာသင်ယူကြသည့် ကျောင်းသား ကျောင်းသူများနှင့် ပညာသင်ကြားပေးမည့် ဆရာ ဆရာမများ၏ စကားသံများကို စုစည်းဖော်ပြ လိုက်ပါသည်။
ဦးဝင်းမြင့်ဦး
ကျောင်းအုပ်ကြီး၊ အမှတ်(၅) 
အခြေခံပညာအထက်တန်းကျောင်း၊ 
ဇမ္ဗူသီရိမြို့နယ်
ကျွန်တော်တို့         ကျောင်းမှာ ကျောင်းသားဦးရေ  ၂၇၇၃  ဦးရှိပါတယ်။ အခု    ၂၀၂၃-၂၀၂၄    ပညာသင်နှစ်မှာ ကျောင်းသားတွေ စနစ်တကျ သပ်သပ် ရပ်ရပ်       ပညာသင်ကြားနိုင်အောင် ကျွန်တော်တို့ ကျောင်းဝန်းကျင် သန့်ရှင်း ရေး ဆောင်ရွက်တာ၊ စာသင်ခန်းအတွင်း စာသင်ခုံတွေ  စီစဉ်တာတွေ  ဆောင်ရွက် ခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက် လို့  အရင်လို ကြပ်မတ်နေတာမျိုး မဟုတ် ပေမယ့် ကာကွယ်ရေးအစီအမံကတော့ ကျောင်းသား   ကျောင်းသူတွေအတွက် ဆောင်ရွက်ထားရပါတယ်။   လက်ဆေး ရည်တို့၊   လက်ဆေးဖို့နဲ့  နှာခေါင်းစည်းတို့ ဒါတွေကိုလည်း စီမံထားပါတယ်။ စာသင် နှစ်တစ်ခုလုံး  ကျောင်းသား  ကျောင်းသူ တွေ အေးအေးချမ်းချမ်း ပညာသင်ကြား နိုင်အောင်  သက်ဆိုင်ရာ  အာဏာပိုင်အဖွဲ့ အစည်းတွေ၊ ဌာနတွေ၊  ကျောင်းအကျိုး တော်ဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရ ပါတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက လည်း ယာဉ်အန္တရာယ်ကင်းရှင်းအောင် ကူညီဆောင်ရွက်ပေးပါတယ်။ မိဘတွေ အနေနဲ့ ကျောင်းသား ကျောင်းသူတွေကို အရောက်ပို့ပေးကြပါ။      ကျောင်းသား ကျောင်းသူတွေကလည်း     ပညာကို ကြိုးစားသင်ကြဖို့ ပြောကြားလိုပါတယ်။
ဒေါ်သီသီဆွေ
ကျောင်းအုပ်ကြီး၊ အမှတ်(၅) 
အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ 
တပ်မတော်
ဒီနှစ်      ကျွန်မတို့      ကျောင်းမှာ ကျောင်းသား ကျောင်းသူဦးရေ   ၃၂၃  ဦး ရှိပါတယ်။ အလယ်တန်းကျောင်းခွဲဖြစ်တဲ့ အတွက် KG ကနေ  Grade-9  အထိ ရှိပါတယ်။ ကျောင်းသား ကျောင်းသူတွေ အေးအေးချမ်းချမ်း    ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်နိုင်ဖို့ ကျွန်မတို့ ကျောင်းက ဆရာ ဆရာမတွေအနေနဲ့ တတ်အားသမျှ ကြိုးစားကြပါတယ်။  ဇွန်   ၁  ရက်မှာ ကျောင်းဖွင့်နိုင်ဖို့အတွက် ကျောင်းမဖွင့်ခင် ကတည်းက  ကျောင်းဝန်းကျင် သန့်ရှင်း ရေးဆောင်ရွက်တာ၊ ကျောင်းခန်းအတွင်း စာသင်ခုံတွေ   စီစဉ်တာစတဲ့   ကျောင်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင် ထားပါတယ်။   ကျွန်မတို့ကျောင်းမှာ တပ်မတော်သားတွေရဲ့  သားသမီးတွေ လည်း  ရှိတယ်။   ပြီးတော့   ရွာကောက်၊   ကျောက်ကျင်း၊    သာယာကုန်း  (၁)၊ သာယာကုန်း (၂) စတဲ့ အနီးနားရပ်ကွက် တွေမှာ နေထိုင်တဲ့  ပြည်သူတွေရဲ့   သား သမီးတွေက လာရောက်ကျောင်းတက် ကြတာ များပါတယ်။ 
မောင်သီဟအောင်
Grade-12 (A) ၊ အမှတ်(၅) 
အခြေခံပညာအထက်တန်းကျောင်း၊ 
ဇမ္ဗူသီရိမြို့နယ်
ကျွန်တော်က    ဇီဝဗေဒဘာသာတွဲ ယူထားပါတယ်။ ကျွန်တော်တို့က သင်ရိုး သစ်နဲ့ သင်ယူလေ့လာရမှာဖြစ်တဲ့အတွက် စိတ်တော့လှုပ်ရှားပါတယ်။ သင်ရိုးသစ်က လည်း ထွက်ရှိပြီဖြစ်တဲ့အတွက် ကြိုတင် လေ့လာကြည့်ပါတယ်။ သင်ရိုးသစ်ဖြစ်တဲ့ အတွက် အထူးသဖြင့်  သင်္ချာနဲ့  ရူပဗေဒ ဘာသာရပ်အတွက်   စိတ်လှုပ်ရှားနေပါ တယ်။ အကောင်းဆုံး  ကြိုးစားသွားမယ်။ ဒီနေ့ ကျောင်းစတက်ရတဲ့အတွက် သူငယ် ချင်းတွေနဲ့   တွေ့ရတယ်။   ကျွန်တော်က တစ်ဦးတည်းသောသားဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ ကျောင်းမှာ  စာသင်ရ တာ ပိုကြိုက်ပါတယ်။ ကျွန်တော်တို့အနေ နဲ့  သင်ရိုးသစ်ဖြစ်ပေမယ့်   တစ်နေ့စာ တစ်နေ့ သေသေချာချာလုပ်ဆောင်သွား ရင် စိုးရိမ်နေစရာမလိုဘူးလို့ ထင်ပါတယ်။
မခြူးမြတ်စန္ဒီ
Grade-12 (A) ၊ အမှတ်(၅) 
အခြေခံပညာအထက်တန်းကျောင်း၊ 
ဇမ္ဗူသီရိမြို့နယ်
ကျောင်းပိတ်ရက်မှာ  သင်ရိုးသစ်ကို လေ့လာဖြစ်ပါတယ်။  မေမေကလည်း သင်ပေးပါတယ်။ အခု ကျောင်းဖွင့်ရက်မှာ သူငယ်ချင်းတွေနဲ့     ပြန်တွေ့ရတော့ ပျော်ရွှင်ပါတယ်။ ကျွန်မတို့က သင်ရိုးသစ် ကို    အစဦးဆုံး    သင်ကြားရမယ့်သူတွေ ဖြစ်တဲ့အတွက်   ဆရာ   ဆရာမတွေရဲ့ သင်ကြားမှု ဂရုစိုက်ပြီး စာကိုသေချာလုပ် ဖို့လိုအပ်တယ်လို့ မြင်ပါတယ်။ သင်ခန်း စာတွေက   အဆင့်မြှင့်ထားတဲ့အတွက် တစ်နေ့စာတစ်နေ့  ပုံမှန်လုပ်ဖို့ လိုအပ်ပါ တယ်။ ဒီနှစ်ဟာ အရေးကြီးတဲ့ စာသင်နှစ် ဖြစ်တဲ့အတွက်   အကောင်းဆုံးကြိုးစား သွားမှာ ဖြစ်ပါတယ်။
မဇင်နှင်းအေး
Grade-8 ၊ အမှတ်(၅) 
အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ 
တပ်မတော်
ဒီနေ့က နွေရာသီကျောင်းပိတ်ရက်ကို ကျော်လွန်ပြီး ပထမဆုံးကျောင်းတက်ရ တဲ့နေ့ဖြစ်တဲ့အတွက်     ပျော်ပါတယ်။ ကျောင်းဖွင့်ပြီဖြစ်တဲ့အတွက် သူငယ်ချင်း တွေနဲ့အတူ  စာသင်ရတာ  ပိုကြိုက်ပါ တယ်။   တစ်ယောက်တည်း   စာဖတ် လေ့လာရတာထက်  သူငယ်ချင်းတွေနဲ့ အတူ လေ့လာရတာ ပိုကောင်းတယ်ထင်ပါ တယ်။ တစ်ဦးနဲ့ တစ်ဦး မေးမြန်းဆွေးနွေး လို့ရတယ်။   ကျောင်းပိတ်ရက်မှာတော့ မေမေက ဗဟုသုတရရှိစေမယ့် စာတွေ ဖတ်ခိုင်းပါတယ်။ သမီးကလည်း စာဖတ်ရ တာ ကြိုက်ပါတယ်။ အလွတ်ကျက်မှတ် တာထက် စာဖတ်ပြီး လေ့လာတွေးခေါ်ရ တာ ကြိုက်ပါတယ်။ သမီးက ဆရာဝန် မကြီး  ဖြစ်ချင်တာပါ။ ဒါကြောင့် ဒီနှစ်မှာ လည်း ဆရာ  ဆရာမတွေ သင်ကြားပေး တာကို      လေ့လာဖတ်မှတ်ပြီးတော့ အကောင်းဆုံး ကြိုးစားသွားမှာပါ။
မောင်ခွန်သန့်ဇင်
Grade-9 ၊ အမှတ်(၅) 
အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ 
တပ်မတော်
ကျွန်တော်တို့    အလယ်တန်းကို ရောက်ရှိလာပြီဖြစ်တဲ့အတွက်    အတန်း ကြီးလာတာနဲ့အမျှ   စာသင်ကြားတာကို ပိုပြီး အာရုံစိုက်ဖို့ လိုလာပါပြီ။ ဒီနေ့က တော့ ဆရာ ဆရာမတွေနဲ့လည်း ပြန်တွေ့ ရတယ်။ သူငယ်ချင်းတွေနဲ့လည်း ပြန်ဆုံ တဲ့အတွက် ပျော်ပါတယ်။ ကျောင်းတက်ရ တဲ့နေ့တွေကို သဘောကျပါတယ်။အတန်း ကြီးလာတာနဲ့အမျှ   စာကို    ဂရုစိုက်ဖို့ ဆရာ ဆရာမတွေကလည်း အမြဲဆုံးမပါ တယ်။ အိမ်က မိသားစုကလည်း ဆုံးမ ပါတယ်။   ကျွန်တော်တို့    အရွယ်မှာက ဗဟုသုတရမယ့်   စာတွေလည်း   ဖတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျောင်းပိတ် ရက်ရှည်မှာ   ဗဟုသုတရမယ့်   စာတွေ ဖတ်ဖြစ်ပါတယ်။ ကျွန်တော်က ခြင်းလုံး အားကစားနည်းကို သဘောကျပါတယ်။ ဒါကြောင့် အားတဲ့အချိန်မှာ ခြင်းလုံးခတ် ဖြစ်ပါတယ်။   ဒီနှစ်   စာသင်နှစ်ကိုလည်း စာသင်ကြားမှုမှာ     ပိုပြီးအာရုံစိုက်သွား မယ်လို့ ဆုံးဖြတ်ထားပါတယ်။
ဦးသိန်းထွန်း
ကျောင်းအုပ်ကြီး၊ 
အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ 
အလက(၃)၊ သပြေကုန်း
ကျွန်တော်တို့ ကျောင်းမှာ အရင်နှစ် က   ကျောင်းသား    ကျောင်းသူဦးရေ ၁၁၃၀   လောက်ရှိပါတယ်။   ဒီနှစ်တော့ ကျောင်းသား   ကျောင်းသူဦးရေ    ၁၂၀၀ ဝန်းကျင် ဖြစ်လာပါတယ်။ ကျောင်းသား ကျောင်းသူဦးရေ     တိုးလာပါတယ်။ ကျွန်တော်တို့ ကျောင်းအနေနဲ့ ဇွန် ၁ ရက် ကျောင်းဖွင့်ချိန်မှာ    စာသင်ခန်းတွေ ကျောင်းသားတွေအတွက်  အဆင်သင့် ဖြစ်နေဖို့ ကြိုတင်ဆောင်ရွက်ရပါတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာတွေက ကူညီဆောင်ရွက်ပေး ပါတယ်။  လာရောက်ပညာသင်ကြားတဲ့ ကျောင်းသား ကျောင်းသူတွေကို အတန်း အလိုက်  အခန်းခွဲပြီး  စာသင်သားဦးရေ အချိုးကျသင်ကြားနိုင်ဖို့    ပြင်ဆင်ရပါ တယ်။   ပြီးတော့    ကျောင်းဝန်းကျင်မှာ သန့်ရှင်းရေး ဆောင်ရွက်တာ၊ ကျောင်းစာ သင်ခန်းအတွင်းမှာ စာသင်ခုံတွေ နေရာ တကျဖြစ်အောင်    စီမံတာ    ဒါတွေ လုပ်ဆောင်ရပါတယ်။    ကျွန်တော်တို့ အနေနဲ့ ကျောင်းသား ကျောင်းသူတွေ အကောင်းဆုံး ပညာသင်ကြားနိုင်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။
သန်းမင်းအောင်(သတင်းစဉ်)
 ဓာတ်ပုံ - အောင်စည်