ဆရာ ဆရာမများအနေဖြင့် တပည့်များကို နိုင်ငံတော်က အားထားရသော အဖိုးတန်လူကောင်း၊ နိုင်ငံ့သားကောင်းများဖြစ်လာစေရန် ပြုစုပျိုးထောင်ပေး

 

ရန်ကုန်    ဧပြီ    ၂၄
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ပုဂ္ဂလိက ဆရာ အတတ်ပညာလက်မှတ်သင်တန်း မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အမှတ်စဉ် (၁/ ၂၀၂၄)  သင်တန်း ဖွင့်ပွဲအခမ်းအနားကို  ဧပြီ ၂၃  ရက်က အဆိုပါကောလိပ် ပညာ့အားမာန်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးစိုးသိန်း၊   တိုင်းဒေသကြီး    ဝန်ကြီးများ၊ လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်နှင့်ဆရာ ဆရာမများ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူ ၅၃၀ တက်ရောက်ကြ သည်။
သင်တန်းဖွင့်ပွဲတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင်   ပညာရေးဝန်ကြီး ဌာန    အခြေခံပညာဦးစီးဌာနလက်အောက်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့်  ကိုယ်ပိုင်အလယ် တန်းကျောင်းနှင့် မူလတန်းကျောင်းများရှိ    ဆရာ အတတ်ပညာ  သင်တန်းဆင်းလက်မှတ်မရရှိသေး သော ဆရာ ဆရာမများအတွက် ဆရာအတတ်ပညာ သင်တန်းဆင်းလက်မှတ်ရရှိပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကိုယ်ပိုင်ကျောင်းဆရာများ ဖြစ်လာ စေရန်နှင့်    နိုင်ငံတော်၏    ပညာရေးကဏ္ဍ  ဖွံ့ဖြိုး တိုးတက်ရေးအတွက်  ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ရာ ဆရာ   ဆရာမတို့အနေဖြင့်       ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် ကြိုးစားအားထုတ်ကြရန် မှာကြားလိုကြောင်း၊ ယနေ့ကျောင်းသား ကျောင်းသူ လူငယ်များသည်   အနာဂတ်နိုင်ငံတော်ကို  ထုဆစ်ပုံ ဖော်ကြမည့် အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်၍ အတန်းပညာများကို  တတ်မြောက်ရုံသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊  မိတ္တ၊ ဘောဂဗလများနှင့် ပြည့်စုံနေရန်   လိုအပ်ကြောင်း၊  သို့မှသာ မိမိတို့၏ တပည့်များကို         လူ့ဘောင်အဖွဲ့အစည်းအား ကောင်းကျိုးပြုနိုင်သော၊  နိုင်ငံတော်က   အားထားရ သော အဖိုးတန်    လူကောင်း၊    နိုင်ငံ့သားကောင်း များဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးနိုင်ရန်  လိုအပ် မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်တန်းအတွက်   ထောက်ပံ့ငွေများ      ‌ပေးအပ်ပြီး သင်တန်းသားသင်တန်းသူများကို     ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။    အလားတူ ဧပြီ ၂၃    ရက်က သင်္ဃန်းကျွန်း   ပညာရေးဒီဂရီကောလိပ်တွင်    လူမှု ရေး‌ရာဝန်ကြီး     ဦးဌေးအောင်က   လည်းကောင်း၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်တွင်  တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက လည်းကောင်း ဖွင့်လှစ်ပေးသည်။
အဆိုပါသင်တန်းများအား ဆရာအတတ်ပညာ ဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် နိုင်ငံတစ်ဝန်း လုံးရှိ ပညာရေးဒီဂရီကောလိပ် ၁၈ ခုတွင် ဖွင့်လှစ်ပို့ချ မည်ဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)