
စစ်တွေ ဒီဇင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် သံတွဲမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင် ဆောင်များ၊ စာကြည့်တိုက်နှင့် သိပ္ပံခန်းများသို့ သွားရောက်ကြည့်ရှုပြီး လက်တွေ့ခန်းသုံးပစ္စည်း များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။ ယင်းနောက် အဆိုပါကျောင်းခန်းမ၌ သံတွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပညာ ရေး ဝန်ထမ်းများအနေဖြင့် လုပ်ဖော်ကိုင်ဖက် အချင်းချင်းဆက်ဆံရာတွင် လည်းကောင်း၊ ကျောင်းသား ကျောင်းသူများအား စာသင်ကြားရာ တွင်လည်းကောင်း ခွဲခြားဆက်ဆံခြင်းမပြုဘဲ မေတ္တာ ရှေ့ထား၍ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ကျန်းမာ ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ်ကင်းဝေးရေး လမ်းညွှန်ချက် များနှင့်အညီ လိုက်နာဆောင်ရွက်၍ သင်ကြား သင်ယူကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် စာတတ်ရန် တစ်ခုတည်းသာ အဓိကမထား ဘဲ စာကြိုးစား၍ လိမ္မာရေးခြားရှိသူများဖြစ်ရန် သင်ကြား လေ့ကျင့်စေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင် ပေး၍ နိုင်ငံတော်ကအားထားရသည့် ပညာတတ် လူငယ်များဖြစ်ရန် ပြုစုပျိုးထောင်မွေးထုတ်ပေးစေ လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းများအတွက် လိုအပ်သည့် ရေသန့်စက်၊ ရေစင်များ၊ လျှပ်စစ်မီးမရှိသည့် ကျောင်း များအတွက် ဆိုလာစနစ်သုံးရေတင်စက်များ ဖြည့် ဆည်း ဆောင်ရွက်ပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်