
ကျိုက်ထို အောက်တိုဘာ ၂၀
မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယ ပွဲတော် ဖွင့်ပွဲမဟာမင်္ဂလာအခမ်း အနားကို သာသနာတော်နှစ် ၂၅၆၅ ခု မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၂၀ ရက်) နံနက် ၅နာရီတွင် စတင်ကျင်းပသည်။
ရှေးဦးစွာ ကျိုက်ထီးရိုး ရင်ပြင်တော်ရှိ တိဿဆောင် ဓမ္မာရုံ၌ ကျိုက်ထီးရိုးစေတီဩဝါဒါ စရိယဆရာတော် ဉူးပဏ္ဍိစ (ကော့ထင်း အောင်သပြေ ကမ္မ ဋ္ဌာန်း ကျောင်းတိုက်ဆရာတော်)အမှူးပြုသော ဩဝါဒါစရိယ ဆရာတော် ၁၁ ပါးအား မွန်ပြည် နယ် သာသနာရေးမှူး ဦးအောင် ဝင်းထွန်း၊ ကျိုက်ထီးရိုးစေတီ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ခေါင်းဆောင် ဦးစိုးလှနှင့်အဖွဲ့ ဝင်များက အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းသည်။
ယင်းနောက် အခမ်းအနား အား ဆက်လက်ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ ဆရာ တော် ဉူးပဏ္ဍိစ အမှူးပြုသော ဆရာတော် ၁၁ ပါးက ဆံတော် ရှင် ကျိုက်ထီးရိုးစေတီတော်မြတ် ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူဇော်ပြီး စေတီတော်မြတ် အား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ပူဇော်ကြသည်။
ဆက်လက်၍ ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲ မဟာမင်္ဂလာကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားပူဇော်ဖွင့်လှစ်ပြီး ဆရာ တော်ကြီးများထံမှ ကိုးပါး သီလ ခံယူ တည်ဆောက်ကြသည်။ ဆရာတော်ကြီးများက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွား သရဇ္ဈာယ် ချီးမြှင့်ပေးရာ မွန် ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ပြည်နယ် သာသနာရေးမှူး ဦးအောင်ဝင်းထွန်းက သာသနာ ရေးဆိုင်ရာများ လျှောက်ထားကာ (အပေါ်ပုံ) ဩဝါဒါစရိယ ဆရာ တော်ကြီးများထံ ကျိုက်ထီးရိုး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။ ယင်းနောက် ကျိုက်ထီးရိုးစေတီ ဩဝါဒါစရိယ ဆရာတော် ဉူးတိက္ခသာရ ထံမှ အနုမောဒနာတရား နာယူကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ မင်္ဂလာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)