
နေပြည်တော် ဒီဇင်ဘာ ၁၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည် တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒီဇင်ဘာ ၁၂ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ သည် တပ်ကုန်းမြို့ ရှိ ရွှေပြည်သစ် အဆင့်မြင့်ဆန်စက်နှင့် ဆန် ရောင်းဝယ်ရေး လုပ်ငန်းကို သွားရောက်ကြည့်ရှုရာ ဆန်စက် တာဝန်ခံ ဦးဇော်မိုးက ဆန်စက် လည်ပတ်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌက ဆန်စက်မှ ထွက်ရှိသည့် စပါးခွံများကို လိုအပ် သည့်နေရာများတွင် ပြန်လည် အသုံးချနိုင်ရေး ဆောင်ရွက်စေလို ကြောင်း၊ ဒေသတွင်း ပိုလျှံသည့် ဆန်များကို ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ရေး၊ ဈေးကွက်ရရှိရေး အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ များအနေဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း မှာကြားသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် ငွေတောင် တောရကျောင်း၌ ရပ်မိ၊ ရပ်ဖများ၊ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး နိုင်ငံတော်အနေဖြင့် ပြည်သူလူထု လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုး ကူညီဆောင်ရွက်ပေးနေမှု အခြေ အနေများ၊ တပ်ကုန်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူလုပ်ငန်း များကို အခြေခံသည့် စီးပွားရေး လုပ်ငန်းများ၊ တန်ဖိုးမြင့်ထုတ်ကုန် များကို ပိုမိုတိုးတက်အောင် ဆောက်ရွက် သွားကြရန်နှင့် ပြည်ပအစားထိုး ထုတ်ကုန်များ ထုတ်လုပ် အသုံးပြုနိုင်ရေး၊ နိုင်ငံတော်မှ MSME လုပ်ငန်းများ ကို အားပေးဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး ရပ်မိ၊ ရပ်ဖများ၊ လုပ်ငန်းရှင်များ၏ တင်ပြချက်များ အပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပန်းခင်း(၂) စီမံ ချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်များကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တပ်ကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ထံ ပေးအပ်သည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် ရိုးမလွင် ဆီစက်၌ ဆီစက်လည်ပတ်မှု အခြေအနေများကို သွားရောက် ကြည့်ရှုပြီး လက်ရှိဆောင်ရွက်နေ သည့်လုပ်ငန်းများကို ယခုထက် ပိုမို တိုးတက်ကောင်းမွန်သော လုပ်ငန်းကြီးများ ဖြစ်အောင် ကြိုးစား ဆောင်ရွက်ကြစေလို ကြောင်း ပြောကြား၍ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခက် အခဲများအပေါ် ဌာနဆိုင်ရာများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ထိုမှတစ်ဆင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်း မြို့ စိုက်ပျိုးရေးသုတေသနခြံ၌ ပဲတီစိမ်း၊ နေကြာ၊ မြေပဲ၊ စပါး မျိုးစေ့များ ထုတ်လုပ်မှုအခြေ အနေများကို လည်းကောင်း၊ အေးချမ်းသာစံပြကျေးရွာရှိ လူထု ဖွံ့ဖြိုးရေးစင်တာ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် ဆင်းရဲမှုလျှော့ချရေး စံပြကျေးရွာ စီမံကိန်း တည်ထောင်ဆောင်ရွက် နေမှု အခြေအနေများကိုလည်း ကောင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချ ရေးစီမံကိန်းအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် စက်ရက်ကန်းအလုပ်ရုံကို လည်းကောင်း၊ တရော်ပင်အင်း ကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကိုလည်းကောင်း သွားရောက် ကြည့်ရှုပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ဌာနများ နှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)