
နေပြည်တော် စက်တင်ဘာ ၁၀
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဒေသတွင်းစားနပ် ရိက္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ များ စားသောက်ရေး အထောက် အကူဖြစ်စေရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံ တပ်မတော်သားများက တန်ဖိုး သင့် ထမင်းဟင်းများ၊ ဟင်းသီး ဟင်းရွက်များနှင့် တပ်မတော် စက်ရုံထုတ်အသား၊ ငါးဘူးများ နှင့် စားသောက်ကုန်ပစ္စည်း များကို ရောင်းချပေးလျက် ရှိသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ကျိုက်ထိုမြို့ တို့၌ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်ပစ္စည်းများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ထိုသို့ရောင်းချ နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေး ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ကြည့်ရှုအားပေး
ထို့အတူ ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက်ရှိ စုပေါင်းရုံးရှေ့၌ ချင်းပြည်နယ် အစိုးရအဖွဲ့၏ စီမံဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့် ဌာန ဆိုင်ရာဝန်ထမ်းများ သက်သာ ချောင်ချိရေးအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် အခြေခံစားကုန် များကိုလည်းကောင်း၊ ဟားခါး တပ်နယ်မှ တပ်ပိုင်နှင့် တစ်ပိုင် တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသော အသား၊ ကြက်ဥ၊ ဟင်းသီး ဟင်းရွက်များအပြင် ဆန်၊ ဆီ၊ စားသောက်ကုန်များ၊ ဟင်းသီး ဟင်းရွက်များ၊ အခြေခံစားသောက် ကုန်များကို ဒေသပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းလျှော့၍လည်း ကောင်း ရောင်းချပေးခဲ့သည်။ ထိုသို့ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုများကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်း ထန်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့သည်။
အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့၊ မိုင်းတုံမြို့၊ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့၊ ထားဝယ် မြို့၊ တနင်္သာရီမြို့၊ ကော့သောင်း မြို့၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၄၄ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်၊ ရခိုင်ပြည် နယ်၊ စစ်တွေမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ်၊ မကွေး တိုင်းဒေသကြီး အထက်မင်းလှ မြို့နှင့် ကရင်ပြည်နယ် သံတောင် ကြီးမြို့တို့၌ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်ရှိ နယ်မြေခံ တပ်မတော်သားများ၊ ဆန်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့် တာဝန်ရှိသူများက ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ရွှေဖီဦး လက်ဖက်ရည်ထုပ်၊ နို့ထွက်ပစ္စည်း များ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ် သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ် နှင့် စည်သွတ်ဘူးများ စသည့် စားသောက်ကုန် ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာ သော ဈေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်