ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ

 

နေပြည်တော်  စက်တင်ဘာ   ၆

 


ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်း   အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ     ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ   စားသောက် ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍     တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံ  တပ်မတော်သားများ က       တန်ဖိုးသင့်ထမင်းဟင်း များ၊  ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့်   စားသောက်ကုန် ပစ္စည်းများကို ရောင်းချပေးလျက် ရှိသည်။

 


ထိုသို့   ရောင်းချပေးလျက် ရှိရာ   ယနေ့တွင်   ရှမ်းပြည်နယ် (မြောက်ပိုင်း)   လောက်ကိုင်မြို့၊ ကွမ်းလုံမြို့၊ ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့၊ ကန်ကြီးထောင့်မြို့၊ သာပေါင်းမြို့၊      ကျုံပျော်မြို့၊ ကျောင်းကုန်းမြို့၊ ငါးသိုင်းချောင်း မြို့၊ ဟင်္သာတမြို့၊ ပန်းတနော်မြို့၊ လပွတ္တာမြို့၊   မအူပင်မြို့၊   ဖျာပုံ မြို့နှင့် ကျိုက်လတ်မြို့၊ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့၊ ခန္တီးမြို့၊ ပဲခူးတိုင်းဒေသကြီး    ပဲခူးမြို့နှင့် ပြည်မြို့တို့၌      သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်ရှိ     နယ်မြေခံ တပ်မတော်သားများနှင့် တာဝန်ရှိ သူများက    တပ်ပိုင်နှင့်   တစ်ပိုင် တစ်နိုင်       စိုက်ပျိုးမွေးမြူရေး လုပ်ငန်းနှင့် ဘက်စုံစိုက်ပျိုးမွေးမြူ ရေး လုပ်ငန်းများမှ ထွက်ရှိသည့် ဆန်၊  ဆီ၊  ဆား၊  အသား၊  ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊    ဟင်းသီးဟင်းရွက်များ၊ ကြက်သွန် နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော် စက်ရုံများမှ      ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊     ဘီစကစ်နှင့်      စည်သွတ်ဘူးများ  စသည့်ပစ္စည်း များကို     ပြင်ပပေါက်ဈေးထက်   သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း     သိရ သည်။                        

သတင်းစဉ်