
နေပြည်တော် စက်တင်ဘာ ၂
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက တန်ဖိုးသင့် ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေး လျက်ရှိသည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ် စိန်ပန်းရပ်ကွက် ၃၆ x ၃၇ ကြား ကမ်းနားလမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့်ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မှ ထွက်ရှိသည့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲ ခြောက်၊ ဘီစကစ်နှင့် စည်သွတ်ဘူးများ စသည့်စားသောက်ကုန်ပစ္စည်း များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်