ဆမ်ဆောင်းရဲ့ ၂၀၂၂ ခုနှစ်အတွက် ပထမဆုံးစမတ်ဖုန်း Galaxy A03

 

 Samsung  Galaxy  A03  ဟာ  နိုင်ငံ တကာဈေးကွက်မှာ ဇန်နဝါရီ ၂၁ ရက်က စတင်မိတ်ဆက်ခဲ့ပြီး ပြည်တွင်းဈေးကွက်ကို ဇန်နဝါရီလကုန်ပိုင်းမှာ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဈေးကွက်မှာရော မြန်မာ နိုင်ငံဈေးကွက်မှာပါ   ၂၀၂၂   ခုနှစ်အတွင်း ဆမ်ဆောင်းက စရောင်းတဲ့ဖုန်းလည်း ဖြစ်ပါ တယ်။   မြင့်မားတဲ့ စွမ်းဆောင်ရည်တွေ၊  ထူးခြား တဲ့နည်းပညာသစ်တွေ      မပါဝင်ပေမယ့်    ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်ပိုင်း နှိုင်းယှဉ်ရင် သင့်တော်တဲ့အတွက် သာမန် အလယ်အလတ် ဖုန်းအမျိုးအစားတွေထဲမှာ ရွေးချယ်စရာတစ်ခု  ဖြစ်နေသလို  ပြည်တွင်းဈေးကွက်မှာလည်း အထိုက်အလျောက်    စိတ်ဝင်စားမှုရှိနေပါ တယ်။   Galaxy   A03    ဖုန်းရဲ့   အဓိကကျတဲ့ အချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။

 


တန်ဖိုးနည်းဖုန်းအမျိုးအစားဖြစ်ပေမယ့် ကိုယ်ထည်ဒီဇိုင်း လှပသပ်ရပ်ခြင်း၊  မျက်နှာ ပြင်အရွယ်ကြီးပြီး  ရုပ်ထွက်အရည်အသွေး လည်း   အသင့်အတင့်ရှိခြင်း၊   ကင်မရာပိုင်း မှာလည်း ဈေးနှုန်းနဲ့သင့်တော်ခြင်း၊ ဘက်ထရီ ပမာဏများခြင်း၊ ပါဝင်တဲ့ မင်မိုရီနည်းပေမယ့် မင်မိုရီကတ်စိုက်ဖို့  သီးခြားအပေါက်ပါခြင်း စတဲ့အချက်တွေကြောင့် ဂိမ်းအမြင့်တွေ ကစား ချင်သူတွေကလွဲရင် သာမန်အသုံးပြုမှုအတွက် သင့်တော်တဲ့ ဖုန်းအမျိုးအစားဖြစ်ပါတယ်။ အားနည်းချက်ကတော့ လက်ဗွေစနစ်မပါခြင်း နဲ့  မျက်နှာပြင်အောက်ဘက် ဘောင်နေရာဟာ သိသိသာသာကြီးနေခြင်း ဖြစ်ပါတယ်။  နိုင်ငံ တကာဈေးကွက်မှာ RAM နဲ့ မင်မိုရီ ပမာဏ လေးမျိုးခွဲပြီး  ထွက်ထားပေမယ့်  ပြည်တွင်း ဈေးကွက်ထဲမှာတော့    နှစ်မျိုးပဲတွေ့ရပြီး  3/32GB  က ကျပ် ၂၆၉၀၀၀  နဲ့  4/64GB  က  ကျပ်  ၃၀၉၀၀၀ ဖြစ်ပါတယ်။      

ကျော်ဇင်ဦး