ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  နိုဝင်ဘာ    ၁


တပ်မတော်(ကြည်း၊ရေ၊ လေ)   အရာရှိ၊   စစ်သည်၊ အရာထမ်း၊   အမှုထမ်းများနှင့်  စေတနာရှင်အလှူရှင် များက   မြို့နယ်အသီးသီးရှိ   ဘုန်းတော်ကြီးကျောင်း များ၊    သာသနာ့နွယ်ဝင်    သီလရှင်ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့်  ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊   ဆီ၊ ဆား၊  ပဲ   အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ  လှူဒါန်းခြင်း၊    နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို    ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၃၁ ရက်တွင်  စစ်ကိုင်းတိုင်းဒေသကြီး  ခန္တီးမြို့နယ်နှင့် လေရှီးမြို့နယ်အတွင်းရှိ    ဘုန်းတော်ကြီးကျောင်း ၇၇ ကျောင်းမှ  သံဃာတော် ၂၁၆  ပါး၊  သာမဏေ အပါး ၈၀ နှင့် သာသနာ့နွယ်ဝင် သီလရှင် ၄၁ ပါးတို့အား အမယ်လေးမျိုးနှင့်  နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းခြင်းကို    ခန္တီးမြို့   သီတဂူစက္ခုဒါနဆေးရုံ တော်၌ပြုလုပ်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ   ရွှေကျင်နိကာယဥပဥက္ကဋ္ဌ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ  ဒေါက်တာ  ဘဒ္ဒန္တ ဉာဏိ ဿရ  ကြွရောက်တော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ  တက်ရောက်၍  အမယ် လေးမျိုးနှင့် န ဝကမ္မအလှူငွေများ  ဆက်ကပ်လှူဒါန်း ကြသည်။

 


အလားတူ အောက်တိုဘာ ၃၁ ရက်နှင့် ယနေ့ တွင်  မွန်ပြည်နယ် သထုံမြို့ရှိ   မင်္ဂလာအေးကမ္မဋ္ဌာန်း ကျောင်းတိုက်၊ ကရင်ပြည်နယ် လှိုင်းဘွဲမြို့ရှိ  မြို့မ ပရိယတ္တိစာသင်တိုက်၊       ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်         အောင်ချမ်းသာရပ်ကွက်ရှိ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်၊     လှည်းကူးမြို့နယ် ဇရပ်ကျေးရွာရှိ      စမ်းရေဖျားတောရ     တပ်ဦး ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး  အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီး  ကျောင်းသုံးကျောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ  ဘုန်းတော်ကြီး ကျောင်း လေးကျောင်း၊    စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်  ကံသာယာကျေးရွာရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း၊    မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီး ကျောင်းသုံး ကျောင်းနှင့် သာသနာ့နွယ်ဝင်သီလရှင် ကျောင်းသုံး ကျောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များမှ ဘုန်းတော်ကြီးကျောင်း ခြောက်ကျောင်းတို့မှ သံဃာတော်များနှင့်  သာသနာ့နွယ်ဝင်သီလရှင်များ အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊   နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို  သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ   တာဝန်ရှိသူများက  သွားရောက်ဆက်ကပ် လှူဒါန်းကြပြီး   နယ်မြေခံဆေးအဖွဲ့များက  လိုအပ် သည့်    ကျန်းမာရေးစစ်ဆေး   ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

 


ထို့ပြင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်  ဥပုသ်တော်ရပ်ကွက်  မန်းတောင်ခြေဘိုးဘွား ရိပ်သာမှ   အဘိုး၊   အဘွားများအား  အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊   မန္တလေးတပ်နယ်မှ   နယ်မြေခံ တပ်မတော်သားများက အလှူငွေများနှင့် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများ  သွားရောက်လှူဒါန်း ပြီး နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။


သတင်းစဉ်