
နေပြည်တော် ဇူလိုင် ၁၉
တပ်မတော် (လေ) အနေဖြင့် သဘာဝဘေးဒဏ်သင့် ဒေသများ သို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင် များက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေး ပစ္စည်းများ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ် သည့်ပစ္စည်းများကို တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ကျန်းမာရေးဝန်ကြီး ဌာနကပေးပို့သည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် အိမ်ထောင်ပရိဘောဂ ပစ္စည်း ၁ ဒသမ ၃ တန်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော် (လေ)မှ လေယာဉ်ဖြင့် ပို့ဆောင် ပေးခဲ့သည်။
သဘာဝဘေးဒဏ်သင့် ဒေသ များရှိ ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်းများကို တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့် တစ်ပြေးညီ ပို့ဆောင်ပေးလျက် ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ ရေး ပစ္စည်း ၅၇၇ တန်၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ကူညီ ဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာန ဆိုင်ရာ ဝန်ထမ်း ၃၅၈၈ ဦးတို့ကို ပို့ဆောင် ပေးနိုင်ခဲ့ကြောင်းနှင့် လေဆိပ်များသို့ ရောက်ရှိသည့် ကယ်ဆယ်ရေး ပစ္စည်းများကို မုန်တိုင်းဒဏ်သင့် ဒေသများသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက် ပေးပို့ဖြန့်ဖြူးလျက်ရှိကြောင်းနှင့် အဆိုပါ တပ်မတော်လေယာဉ်/ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေး လျက်ရှိသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူ ပေး ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်