ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း၌ နေထိုင်သူ စုစုပေါင်း ၁၄၅ ဦး သေဆုံးခဲ့

 

နေပြည်တော်  မေ  ၁၉


ဘင်္ဂလား    ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော   အလွန့်အလွန် အားကောင်းသော  ဆိုင်ကလုန်း မုန်တိုင်း“မိုခါ”  (MOCHA)  မေ ၁၄ ရက်တွင် တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၌  ပျက်စီး ဆုံးရှုံးမှုစာရင်းများကို   အချိန်နှင့် တစ်ပြေးညီ     ထုတ်ပြန်လျက် ရှိသည်။

 


ထိုသို့  ထုတ်ပြန်လျက်ရှိရာ မေ  ၁၇  ရက်  မွန်းလွဲပိုင်းအထိ  ရရှိသော  စာရင်းများအရ  ရခိုင် ပြည်နယ်အတွင်းရှိ       မြို့ပေါ် ရပ်ကွက်များနှင့်  ကျေးရွာများ၌    ဆိုင်ကလုန်းမုန်တိုင်း    “မိုခါ”  (MOCHA)   တိုက်ခတ်မှုကြောင့်   ၄၈  ဦး သေဆုံးခဲ့ကြောင်း  သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 


အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)    တိုက်ခတ်မှု ကြောင့်  မေ  ၁၈  ရက် ညပိုင်းအထိ ရခိုင်ပြည်နယ်အတွင်းရှိ   စစ်တွေ မြို့နယ်၊    ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့်     မြေပုံ မြို့နယ်တို့၌     ဒေသခံပြည်သူ ခြောက်ဦးနှင့်  IDP Camp မှ ၉၁ ဦး စုစုပေါင်း ၉၇ ဦး ထပ်မံသေဆုံး ခဲ့ကြောင်း  သိရှိရ၍  သေဆုံးသူ စုစုပေါင်း ၁၄၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 


ဆိုင်ကလုန်းမုန်တိုင်း  တိုက် ခတ်မှုကြောင့်     ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့်      နေရာများ၌   တိုင်း ဒေသကြီးနှင့်     ပြည်နယ်များ အလိုက် အသင့်ပြင်ဆင်စုဖွဲ့ထားရှိ သည့်  ကူညီကယ်ဆယ်ရေးအဖွဲ့ များက   ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များနှင့်အတူ ကူညီ ကယ်ဆယ်ရေး   လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအား  ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။  


သတင်းစဉ်