
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ စုစုပေါင်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုမှာ လူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိကအဆောက်အဦ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ငါးလုံး၊ ဈေးတစ်ခု၊ လေဆိပ်နှစ်ခု၊ ဌာနဆိုင်ရာ အဆောက်အဦ အလုံး ၃၄၀ ပျက်စီးခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း၌ နေထိုင်သူ ၁၄၅ ဦး သေဆုံးခဲ့
နေပြည်တော် မေ ၁၉
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) မေ ၁၄ ရက်တွင် တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှု စာရင်းများကို အချိန်နှင့်တစ်ပြေး ညီ ထုတ်ပြန်လျက်ရှိသည်။
ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် အသေးစိတ်ထပ်မံစိစစ်ခဲ့ရာ မေ ၁၉ ရက် မွန်းလွဲပိုင်းအထိ ရရှိ သောစာရင်းများအရ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၌ စုစုပေါင်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှု မှာ လူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိကအဆောက်အဦ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန် စဖော်မာငါးလုံး၊ ဈေးတစ်ခု၊ လေဆိပ်နှစ်ခု၊ ဌာနဆိုင်ရာ အဆောက်အဦ အလုံး ၃၄၀ ပျက်စီးခဲ့ကြောင်းနှင့် ရခိုင်ပြည် နယ်အတွင်း နေထိုင်သူ ၁၄၅ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး မှုဖြစ်ပေါ်ခဲ့သည့် နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် အသင့်ပြင်ဆင် စုဖွဲ့ ထားရှိသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များက ပရဟိတလူမှုကူညီ ရေးအသင်းအဖွဲ့များနှင့် အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်