
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူ များအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
၂။ မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 သည် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲတွင် ဖွင့်လှစ်ထားပြီး လှူဒါန်းလိုသူများအနေဖြင့် အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ပါသည်-
(က) မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်ဘဏ်ခွဲတွင်တိုက်ရိုက်ဖြစ်စေ၊ အခြားမြန်မာ့စီးပွားရေး ဘဏ်၊ ဘဏ်ခွဲများနှင့် ပုဂ္ဂလိကဘဏ်၊ ဘဏ်ခွဲများအားလုံးတို့မှ တစ်ဆင့်ဖြစ်စေ ငွေသားဖြင့် ပေးသွင်းလှူဒါန်းနိုင်ပါသည်။
(ခ) ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ဘဏ်များတွင် ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းများမှ စာရင်းပြောင်း (Account Transfer) နည်းလမ်းဖြင့် လှူဒါန်းနိုင်ပါသည်။
(ဂ) K Pay ဖြင့် လှူဒါန်းလိုပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဖုန်းနံပါတ် ၀၉-၂၅၅၀၀၁၅၃၃၊ ၀၉-၂၅၅၀၀၁၅၃၄ တို့သို့လည်းကောင်း
Wave Money ဖြင့် လှူဒါန်းလိုပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ဖုန်းနံပါတ် ၀၉-၂၅၅၀၀၁၅၄၂၊ ၀၉-၂၅၅၀၀၁၅၄၃ တို့သို့ လည်းကောင်း လှူဒါန်း နိုင်ပါသည်။
၃။ နိုင်ငံခြားငွေစာရင်းအမှတ် ( 1DA-0300086) သည် မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ရန်ကုန်မြို့ တွင် ဖွင့်လှစ်ထားပြီး လှူဒါန်းလိုသူများအနေဖြင့် အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ပါသည်-
(က) မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ ငွေသား တို့ဖြင့် တိုက်ရိုက်ပေးသွင်း လှူဒါန်းနိုင်ပါသည်။
(ခ) မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် နိုင်ငံခြားငွေစာရင်းရှိသူများမှ စာရင်းပြောင်း (Account Transfer) နည်းလမ်းဖြင့် လှူဒါန်းနိုင်ပါသည်။
(ဂ) ပြည်တွင်း/ ပြည်ပမှ နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများအနေဖြင့်-
- SWIFT CODE /BIC - MFTBMMMY
- Beneficiary Name - Natural Disaster Management Fund
- Beneficiary A/C No - 1DA-0300086 သို့ လှူဒါန်းနိုင်ပါသည်။
၄။ ထို့အပြင် အခြားသော အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်နှင့် မိုဘိုင်းငွေပေးချေမှု စနစ်များဖြင့်လည်း လှူဒါန်းနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါသဖြင့် ထပ်မံအသိပေးကြေညာသွားမည် ဖြစ်ပါသည်။
၅။ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်-
နေပြည်တော် ရန်ကုန်မြို့ မန္တလေးမြို့
ဒေါ်လဲ့လဲ့အေး
ညွှန်ကြားရေးမှူးချုပ်
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန
၀၆၇-၃၄၀၄၀၅၀
၀၉-၂၀၂၁၄၉၁ ဦးသန်းစိုး
ညွှန်ကြားရေးမှူး
ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဦးစီးဌာန
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
၀၉-၂၅၀၁၂၃၈၈၅
ဦးအေးမင်းသူ
ညွှန်ကြားရေးမှူး
ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဦးစီးဌာန
မန္တလေးတိုင်းဒေသကြီး
ဦးစီးမှူးရုံး
၀၉-၄၂၀၇၀၈၈၂၇
ဦးဝင်းရွှေ
ဒုတိယညွှန်ကြားရေးမှူးချုပ်
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန
၀၆၇-၃၄၀၄၀၄၈
၀၉-၂၅၄၁၇၀၀၁၁ ဒေါ်သန်းသန်းဝင်း
ဒုတိယညွှန်ကြားရေးမှူး
ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဦးစီးဌာန
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
၀၉-၄၂၀၇၄၀၁၆၀
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ