ဆိပ်ကြီးခနောင်တိုနှင့် ဒလမြို့နယ်တို့ကြား သွားလာနိုင်မည့် တွံတေးတူးမြောင်းကူးတံတား ဆောက်လုပ်နေပြီ

 

ရန်ကုန်   ဒီဇင်ဘာ    ၁၀


ရန်ကုန်တိုင်းဒေသကြီး    တောင် ပိုင်းခရိုင်  ဆိပ်ကြီးခနောင်တိုမြို့ နယ်အတွင်းရှိ     ဒေသခံပြည်သူ များစွာတို့၏      လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရေးပါသော ဆိပ်ကြီးခနောင်တို မြို့နယ်နှင့် ဒလမြို့နယ်တို့ကြား ဆက်သွယ်တည်ဆောက်နေသည့် တွံတေးတူးမြောင်းကူး တံတား တည်ဆောက်ရေး  လုပ်ငန်းများ လက်ရှိအချိန်တွင်   ၁၀ ရာခိုင်နှုန်း ခန့်    ပြီးစီးနေပြီဖြစ်ပြီး    ဆက် လက်        အကောင်အထည်ဖော်တည်ဆောက်    လျက်ရှိ ကြောင်း   ဆောက်လုပ်ရေး ဝန်ကြီးဌာန   တံတားဦးစီး ဌာန   တံတားတည်ဆောက် ရေးအဖွဲ့(၁)မှ သိရသည်။ 

 


“၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်     ခွင့်ပြုရန်ပုံငွေနဲ့   တည် ဆောက်ရေး  လုပ်ငန်းများရဲ့ ဆောင်ရွက်ပြီးစီးမှုက   ၂၅ ရာခိုင်နှုန်းရှိပါပြီ။   တံတား တစ်စင်းလုံးရဲ့   ပြီးစီးမှုအနေ နဲ့    ၁၀   ရာခိုင်နှုန်းပြီးပါပြီ။     တံတား   တည်ဆောက်ရေး လုပ်ငန်းတွေကို   ဆက်လက်  ဆောင်ရွက်    နေပါတယ်။  ခုလက်ရှိ     ဒလဘက်ကမ်း မှာရှိတဲ့     ဖောင်ဒေးရှင်း လုပ်ငန်း  ဘိုးပိုင် အမှတ် P 4   ကနေ P  7   အထိနဲ့  ကမ်းကပ်ခုံ   A2   အထိ    ဆောင်ရွက်   နေပါတယ်။  ဘိုးပိုင် စုစုပေါင်း အလုံး ၁၂၀ အနက်  ဘိုးပိုင်  အလုံး ၄၀ ပြီးစီးပြီဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က စတင်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်။  ၂၀၂၃ ခုနှစ်    မတ်လမှာ တံတားတည်ဆောက် ပြီးစီး ဖို့   ရည်မှန်းထားပါတယ်။  ကိုရီးယား-မြန်မာ ချစ်ကြည် ရေး  ဒလတံတားကြီး  မပြီး ခင်မှာ  ဆိပ်ကြီးခနောင်တို တံတားကို     ပြီးစီးအောင် တည်ဆောက်ဖို့    မျှော်မှန်း ထားပါတယ်။       တံတား တစ်စင်းလုံးရဲ့  တည်ဆောက် ရေးလုပ်ငန်း၊    သံပေါင်ဖိုး၊ ချဉ်းကပ်လမ်း    အပါအဝင် စုစုပေါင်းတန်ဖိုး ကုန်ကျငွေ  ၂၈ ဘီလီယံ    ကုန်ကျမှာ ဖြစ်ပါတယ် ”ဟု     တံတား ဦးစီးဌာန    တံတားတည် ဆောက်ရေးအဖွဲ့   (၁)   မှ ညွှန်ကြားရေးမှူး  (မြို့ပြ) ဦးကျော်စွာထွန်းက   ပြောသည်။ 

 


ဆိပ်ကြီး   ခနောင်တို မြို့နယ်၌ ရပ်ကွက် ကိုးခုရှိ ပြီး လူဦးရေ   စုစုပေါင်း ၃၅၀၀၀  ကျော်     နေထိုင် လျက်ရှိရာ         မြို့နယ်တွင်း    စက်မှုလုပ်ငန်းနှင့်  လယ်ယာ လုပ်ငန်းများ     မရှိခြင်း ကြောင့်      ရန်ကုန်မြို့သို့ သွားရောက်  အလုပ်လုပ်ကိုင် ကြသူဦးရေမှာ     မြို့နေ လူဦးရေ၏  ၉၀  ရာခိုင်နှုန်း ရှိသည်။   ရန်ကုန်မြို့နှင့် မြစ်ကြီး   ခြားနေမှုကြောင့် အမြင်နီးသော်လည်း   ခရီး ဝေးကွာ     လျက်ရှိသလို ယနေ့အချိန်အထိ  ဒေသခံ ပြည်သူအများစုမှာ     ရေ ကြောင်းလမ်းခရီးဖြစ်သော စက်တပ်   သမ္ဗန်များဖြင့်   အဓိက    အားထားသွား လာနေကြရသော   မြို့နယ် တစ်ခုဖြစ်သည်။

 


“ဒီတံတားတည်ဆောက် ပြီးစီးသွားရင်     ပထမဆုံး အကျိုးရှိ    သွားမှာကတော့ ဆိပ်ကြီးခနောင်တို မြို့နယ် မှာ  နေထိုင်ကြတဲ့   ပြည်သူ တွေပဲဖြစ်ပါတယ်။ ဆိပ်ကြီး ခနောင်တို  တံတားသစ်ကြီး ကနေ      ဖြတ်သန်းမယ်။  ပြီးရင်   ဒလတံတားကြီးကနေ  ဆက်လက်   ဖြတ်သန်းသွား မယ်ဆိုရင်   ရန်ကုန်မြို့လယ် ကောင်  ဆူးလေကို မိနစ် ၂၀ အတွင်း   ရောက်ရှိမှာဖြစ် ပါတယ်။      ပြည်သူလူထုရဲ့ နေ့စဉ် လူနေမှုဘဝမှာ လုံခြုံ စိတ်ချစွာနဲ့     အန္တရာယ် ကင်းကင်း ကူးသန်းသွားလာ နိုင်တော့မှာ  ဖြစ်ပါတယ် ” ဟု   ညွှန်ကြားရေးမှူးက ဆက်ပြောသည်။

 


လက်ရှိ    အချိန်တွင်  နိုင်ငံတော်အစိုးရက   ကိုရီး ယား-မြန်မာချစ်ကြည်ရေး        ဒလတံတားကြီး        တည် ဆောက်ရေး     လုပ်ငန်းများ ကို       ဆက်လက်အကောင် အထည်ဖော်   လျက်ရှိသလို        ဆိပ်ကြီးခနောင်တို  မြို့နယ် နှင့် ဒလမြို့နယ်တို့သို့  ဆက် သွယ်ထားသည့်  တွံတေး တူးမြောင်းကူး   တံတားကို လည်း    ဆက်လက်တည် ဆောက်နေသည်။ 

 


ဆိပ်ကြီး   ခနောင်တို မြို့နယ်နှင့်   ဒလမြို့နယ်တို့သို့ ဆက်သွယ်ပေါင်းကူး တည် ဆောက်မည့်        တွံတေးတူး မြောင်းကူး      တံတားမှာ သံမဏိသံပေါင်   နှစ်လမ်း သွား အမျိုးအစားဖြစ်ပြီး အရှည် ၇၄၀ မီတာ၊ အကျယ် ၁၀ မီတာ၊   ချဉ်းကပ်လမ်း အပါအဝင် စုစုပေါင်း အရှည် ၂၅၄၂   ပေရှိ၍    စုစုပေါင်း ငွေကျပ် ၂၈ ဘီလီယံ ကုန်ကျ မည်ဖြစ်ကာ  ဂျပန်နိုင်ငံ၌ နောက်ဆုံး  တည်ဆောက် နေသော  တံတားဒီဇိုင်းဖြင့် ဆောက်လုပ်ရေး   ဝန်ကြီး ဌာန    တံတားဦးစီးဌာန  တံတားတည်ဆောက်ရေး အဖွဲ့(၁)က    နှစ်စဉ်ဘဏ္ဍာနှစ်အလိုက်  ခွင့်ပြုရန်ပုံငွေများ ဖြင့် တာဝန်ယူတည်ဆောက် လျက်ရှိကြောင်း        သိရသည်။


နိုင်လင်းကျော်
(ပြန်/ဆက်)