ဆီးရီးယားနိုင်ငံ၌ လေကြောင်းတိုက်ခိုက်မှုအတွင်း လူပေါင်း ၃၀ ကျော် သေဆုံး

 

အလက်ပို   မတ်    ၃၀


အစ္စရေး၏        လေကြောင်း ပစ်ခတ်  တိုက်ခိုက်မှုများကြောင့် ဆီးရီးယားနိုင်ငံ     အလက်ပို ပြည်နယ်မြောက်ပိုင်း၌  လူပေါင်း   ၃၀ ကျော်   သေဆုံးမှုဖြစ်ပွား ကြောင်း  အစိုးရတာဝန်ရှိသူများ က ပြောသည်။ 


ထိခိုက်သေဆုံးသူများထဲတွင် အရပ်သားများနှင့်     စစ်ဘက် ဆိုင်ရာ တာဝန်ထမ်းဆောင်သူများ ပါဝင်ကြောင်း    သောကြာနေ့ တွင် ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။   ဗြိတိန်အခြေစိုက် ဆီးရီးယား       လူ့အခွင့်အရေး  စောင့်ကြည့်    လေ့လာရေးအဖွဲ့ က   စစ်ဘက်ဆိုင်ရာ   တာဝန် ထမ်းဆောင်သူ  ၃၆ ဦး  သေဆုံး ကြောင်း ပြောသည်။ 


ထို့ပြင်   အဆိုပါ   လေ့လာ စောင့်ကြည့်ရေးအဖွဲ့က  အစ္စရေး တိုက်ခိုက်မှုတစ်ခုအတွင်း ဆီးရီး ယားပိုင်နက်၌ လူအသေအပျောက် အများဆုံးဖြစ်ကြောင်း    ပြော သည်။ ယင်းလေကြောင်းပစ်ခတ် တိုက်ခိုက်မှုများသည် ရှီးယားစစ် သွေးကြွအဖွဲ့ဟစ်ဇ်ဘိုလာ အသုံး ပြုသော    လက်နက်ဂိုဒေါင်ရုံကို  ပစ်မှတ်ထား   လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။ 


အင်န်အိတ်ချ်ကေ   သတင်း ဌာနက  အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ၎င်းကို ပါဝင်ခြင်း ရှိ မရှိ  မေးမြန်းရာတွင်  အစ္စရေး တပ်ဖွဲ့ဘက်က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။        

                                       
အင်န်အိတ်ချ်ကေ