
ဘေရွတ် ဇွန် ၁၉
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအင်န်အိတ်ချ် စီအာ) အနေဖြင့် ဆီးရီးယားဒုက္ခ သည်များဆိုင်ရာ အချက်အလက် များပေးပို့မှု ဆက်လက်နှောင့်နှေး နေမည်ဆိုပါက လက်ဘနွန်အာဏာ ပိုင်များသည် နယ်စပ်ရှိ ဆီးရီးယား ဒုက္ခသည်များအရေး ဖြေရှင်းရန် အစီအစဉ်သစ်တစ်ခုကို အကောင် အထည်ဖော်သွားမည်ဟု လက် ဘနွန်နိုင်ငံ၏ အထွေထွေလုံခြုံ ရေး ညွှန်ကြားရေးမှူးချုပ် အဲလိုက် ယက် အယ်- ဘေဆာရီက ဇွန် ၁၉ ရက်တွင် ပြောသည်။
လက်ဘနွန်နိုင်ငံတွင် ယခု ရှိနေသည့် ဆီးရီးယားဒုက္ခသည် များ၏ အချက်အလက် အပြည့် အစုံကို ထောက်ပံ့ပေးရန် ယူအင်န် အိတ်ချ်စီအာကို ထပ်မံတောင်းဆို ကြောင်း ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။ ၂၀၂၃ ခုနှစ် ဩဂုတ် လတွင် ဆီးရီးယားဒုက္ခသည်များ အချက်အလက် လွှဲပြောင်းမှုနှင့် ပတ်သက်၍ ယူအင်န်အိတ်ချ်စီအာ နှင့် လက်ဘနွန်အစိုးရတို့ သဘော တူညီမှုတစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့သည်။
ယနေ့အထိ ယူအင်န်အိတ်ချ်စီ အာ သည် ဆီးရီးယားဒုက္ခသည်များ ၏ အချက်အလက်များကို ပေးပို့ ခဲ့ခြင်းမရှိကြောင်း လက်ဘနွန် အာဏာပိုင်များက ပြောသည်။ လက်ဘနွန်အစိုးရက ပြုလုပ်သည့် နောက်ထပ်ပြုလုပ်မည့် အစီအစဉ် သစ်တစ်ရပ်တွင် ရွှေ့ပြောင်းလာ သည့် ဆီးရီးယားဒုက္ခသည်များ အရေအတွက်ကို ကောက်ယူရန် အချက်အလက်စင်တာ ထူထောင် မည် ဖြစ်ပြီး ၎င်းတို့ကိုနေရပ်ပြန်ပို့ရန် ထိန်းသိမ်းရေးစခန်းများ ထူထောင် ခြင်းတို့ ပါဝင်သည်။
လက်ဘနွန် နိုင်ငံတွင် ဆီးရီးယားဒုက္ခသည် နှစ်သန်းခန့် ကို လက်ခံထားသည်ဟု လက်ဘနွန် အာဏာပိုင်များက ခန့်မှန်းထားပြီး အဆိုပါ ဒုက္ခသည်များကြောင့် တိုင်းပြည်၏ အခြေခံအဆောက် အအုံများပေါ်တွင် ကြီးကြီးမားမား သက်ရောက်မှုရှိသည်ဟု အာဏာ ပိုင်များက ပြောသည်။
ဆင်ဟွာ