ဆွီဒင်နိုင်ငံ၌ ကိုဗစ် - ၁၉ ကန့်သတ်ချက်အများစုကို ဖယ်ရှားပေးတော့မည်

 

စတော့ဟုမ်း  ဖေဖော်ဝါရီ    ၄


ဆွီဒင်နိုင်ငံအစိုးရက   လာမည့် ဖေဖော်ဝါရီ ၉ ရက်မှစတင်ကာ ကိုဗစ် - ၁၉ ကန့်သတ်ချက်  အများစုကို   ဖယ်ရှားပေးတော့ မည်ဖြစ်သည်။ ဆွီဒင်နိုင်ငံအတွက် လမ်းကြောင်းများ ပြန်လည်ဖွင့် လှစ်ရတော့မည့်      အချိန်ဖြစ် ကြောင်း        ဆွီဒင်ဝန်ကြီးချုပ် မက်ဒလန်နာ    အန်ဒရာဆင်က   ဖေဖော်ဝါရီ   ၃  ရက်တွင် ပြုလုပ် သည့်  သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 


စားသောက်ဆိုင်များအတွက် ဆိုင်ဖွင့်ချိန်  ကန့်သတ်ထားသည့် အချိန်ကိုလည်း လျှော့ချပေးမည် ဖြစ်သည်။ ထို့ပြင်   အဆောက် အအုံအတွင်း ကျင်းပသည့်ပွဲများ တွင်  တက်ရောက်ခွင့်ရှိသူ လူဦး ရေ ပမာဏ  ကန့်သတ်ချက်ကို  လည်း  လျှော့ချပေးသွားမည်ဖြစ် သည်။ ဆွီဒင်နိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်မှုများမှာ    ဆက်လက် တိုးနေဆဲဖြစ်သည်။   သို့သော် လည်း  ဆွီဒင်နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုမူ ထိခိုက် ခြင်း  မရှိသေးချေ။     ဆွီဒင်နိုင်ငံ အတွင်း အသက် ၁၂ နှစ်နှင့်အထက် ကာကွယ်ဆေး အပြည့်ထိုးပြီးသူ ၈၀ ရာခိုင်နှုန်းကျော်ရှိသည်။ ကူး စက်မှုအတွက် သတိပေးမှုများ ပြုလုပ်ပြီး     ဗိုင်းရပ်စ်နှင့်အတူ ယှဉ်တွဲနေထိုင်ရန်   ဆွီဒင်အစိုးရ က ဆုံးဖြတ်ခဲ့သည်။ ဒိန်းမတ်နိုင်ငံ နှင့်   နော်ဝေးနိုင်ငံတို့၏ ဆုံးဖြတ် ချက်နောက်တွင် ဆွီဒင်နိုင်ငံက လည်း ယခုလိုပြုလုပ်ရန်   ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။

အင်န်အိတ်ချ်ကေ