
နေပြည်တော် ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့တွင် ယနေ့နံနက်ပိုင်း က စစ်ဘေးရှောင်ပြည်သူများ၏ ကားတန်းကို လုံခြုံရေးတပ်ဖွဲ့ဝင် များက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း များကြောင့် ပြည်သူ ခုနစ်ဦး သေဆုံးခဲ့ကြောင်း ကို ဆီဆိုင်မြို့တွင် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်နေ သည့် PNLA သတင်းရင်းမြစ်မှ ပြောဆိုသည်ဟု တရားမဝင်ပြည် ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှား စေရန် လုပ်ကြံရေးသား ဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
အထက်ပါ သတင်းနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များက ယနေ့ နံနက်ပိုင်းတွင် လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် ဒရုန်းအသုံးပြု တိုက်ခိုက်ခြင်း များမရှိကြောင်း ဆီဆိုင်မြို့တွင် နေထိုင်သူဒေသခံများ၏ ပြော ကြားချက်များအရ သိရှိရသည်။
အဆိုပါ ဆီဆိုင်မြို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း KNDF၊ PNLA ၊ PDF အကြမ်းဖက်သမား များက နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်စခန်းများနှင့် လုံခြုံ ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့နယ် အတွင်း အကြမ်းဖက်လုပ်ရပ်များ ကို ပေါ်ပေါ်ထင်ထင်လုပ်ဆောင် လျက်ရှိရာ ထိုသို့အကြမ်းဖက် လုပ်ရပ်များကို လက်မခံသည့် ဒေသခံပြည်သူများက ၎င်းတို့၏ လုပ်ရပ်များကို ကန့်ကွက်လျက် ရှိသည့်အတွက် လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် သတင်း တု၊ သတင်းမှားများ လုပ်ကြံ ရေးသားဖြန့်ဝေကာ ဒေသခံ ပြည်သူများ အထင်အမြင် လွဲမှား စေရန် ရည်ရွယ်ချက်ရှိရှိ လုပ် ဆောင်နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်