မန္တလေး ဇူလိုင် ၂
ဆေးဝါးတက္ကသိုလ်(မန္တလေး)တွင် တက်ရောက်နေ သော ကျောင်းသား ကျောင်းသူများ၏ မောင်မယ် သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို အမရပူရမြို့နယ်ရှိ အဆိုပါတက္ကသိုလ်ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ ဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှု ရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး)များနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို ကျောင်းသားကျောင်းသူ လေးများက မင်္ဂလာပါဂုဏ်ပြုသီချင်း သီဆို၍ ဖွင့်လှစ်ကာ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ဆေးဝါးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဒေါက်တာ သိန်းမေစောက ပညာသင်ကြားနေသော ဆေးဝါးတက္ကသိုလ် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးများနှင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးများဖြင့်အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ပေးသည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူများက တိုင်းရင်းသားရိုးရာအကများ၊ တေးသရုပ်ဖော်သီချင်း များဖြင့် ဖျော်ဖြေဧည့်ခံပြီးနောက် စီးပွားရေးရာ ဝန်ကြီးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြု ချီးမြှင့်ငွေ ကျပ်သိန်း ၂၀၊ လူမှုရေးရာဝန်ကြီးက အားကစားပစ္စည်းများကို ပေးအပ်သည်။
အဆိုပါတက္ကသိုလ်မှာ ယခင်က ဆေးဝါး ကျွမ်းကျင်မှုတက္ကသိုလ်(မန္တလေး)အနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ရာမှ ၂၀၀၆ ပြည့်နှစ်တွင် ဆေးဝါးတက္ကသိုလ် (မန္တလေး) အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ဆေးဝါးသိပ္ပံဘွဲ့၊ ဆေးဝါး မဟာသိပ္ပံဘွဲ့နှင့် ဆေးဝါးသိပ္ပံပါရဂူဘွဲ့ရ ကျောင်းသား ကျောင်းသူများကို မွေးထုတ်ပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်



