
နေပြည်တော် အောက်တိုဘာ ၁၁
စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း သည် အောက်တိုဘာ ၉ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါး စက်ရုံ (အင်းစိန်)၌ စက်ရုံတာဝန် ရှိသူများနှင့် တွေ့ဆုံသည်။
စက်စွမ်းအားပြည့် လည်ပတ်
တွေ့ဆုံစဉ် ပြည်သူများအတွက် လိုအပ်လျက်ရှိသော ဆေးဝါးများ ပိုမိုထုတ်လုပ်နိုင်ရေး စီမံဆောင် ရွက်ရန်၊ ဆေးဝါးများအား GMP Guide Line များနှင့်အညီ ထုတ် လုပ်နိုင်ရေး ကြပ်မတ်ဆောင်ရွက် ရန်၊ မြန်မာနိုင်ငံသည် စိုက်ပျိုး ရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့် အတွက် တောင်သူများ၏ အသက် အန္တရာယ်ကို ကာကွယ်ပေးနိုင်မည့် မြွေဆိပ်ဖြေဆေးများကို တိုးမြှင့် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက် ရန်၊ စက်ရုံအနေဖြင့် ဆေးဝါး အမယ်သစ်များ တိုးတက်ထုတ် လုပ်နိုင်ရေးအတွက် သုတေသန လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ စက်ရုံ၌ ရှိပြီးဖြစ် သော နည်းပညာများ မပျောက်ပျက် စေရေးအတွက် ဆင့်ပွားသင်တန်း များပေးရန်နှင့် ဆေးဝါးထုတ်လုပ်မှု နည်းပညာသစ်များ ထပ်မံရရှိရေး အတွက် အမြဲတစေ လေ့လာ သင်ယူရန်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ဘဝများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် တစ်သက်တာ သင်ယူမှုပြုလုပ်သွားရန်၊ စက်မှု ဝန်ကြီးဌာနပိုင် မြေနေရာများတွင် မြန်မာနိုင်ငံ ဆေးဝါးစက်မှုဇုန် (Pharmaceutical Complex Zone) တည်ထောင်နိုင်ရေး ပုံစံပြု ရေးဆွဲအဆိုပြုရန်၊ စက်ရုံရှိ တပ်ဆင် ထားရှိသောစက်များ စက်စွမ်း အားပြည့် လည်ပတ်အသုံးပြုနိုင် ရေး စီမံဆောင်ရွက်ရန် မှာကြား သည်။
ညှိနှိုင်းပေါင်းစပ်
အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တိုင်းဒေသ ကြီး ဗဟန်းမြို့နယ်ရှိ စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနသို့ရောက်ရှိရာ တိုင်းဒေသ ကြီး ဦးစီးမှူးက ရှင်းလင်းတင်ပြ မှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဌာနအသီးသီး၏ လုပ်ငန်းစွမ်း ဆောင်နိုင်မှု အညွှန်းကိန်း (Key Performance Indicator) များ သတ်မှတ် ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ခဲ့မှုအပေါ် ပြန်လည် ဝေဖန်သုံးသပ်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်