ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံ(ဇုန်-၁)အုပ်စုအဆင့် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်    သြဂုတ်    ၂၀
ကျန်းမာရေးဝန်ကြီးဌာန   ဆေး တက္ကသိုလ်များနှင့်   ဆေးပညာ နှီးနွှယ်တက္ကသိုလ်ပေါင်းစုံ  (ဇုန်-၁)၊ အုပ်စုအဆင့်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက   ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ   သုဝဏ္ဏ ဘောလုံး      အားကစားကွင်း၌ ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးသည်။  
ဖွင့်ပွဲသို့       ရန်ကုန်တိုင်း ဒေသကြီး      ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့်  တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးရှိ ဆေးတက္ကသိုလ် နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊    သင်ကြားရေး ဆရာ   ဆရာမများ၊   ဘောလုံး အားကစား    အသင်းအုပ်ချုပ်သူ များနှင့်  အားကစားသမားများ၊ သက်ဆိုင်ရာ   တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများနှင့် သူနာပြု/သားဖွားသင်တန်းသား သင်တန်းသူများ    တက်‌ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတော်အဆင့် ကျင်းပပြုလုပ် မည် ပဉ္စမအကြိမ်မြောက် အမျိုး သားအားကစားပွဲတော်နှင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် နေပြည် တော်၌  ကျင်းပမည့် ဝန်ကြီးဌာန ပေါင်းစုံတက္ကသိုလ်များ ဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးအတွက်  ယခုကဲ့သို့ကျန်းမာ ရေးဝန်ကြီးဌာန  လက်အောက်ရှိ ဆေးတက္ကသိုလ်များနှင့်   ဆေး ပညာ  နှီးနွှယ်တက္ကသိုလ်ပေါင်းစုံ (ဇုန်-၁) အုပ်စုအဆင့်  ဘောလုံး ပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ် ကြောင်း၊ ထို့ပြင် ဆေးတက္ကသိုလ် နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် များမှ ကျောင်းသားများ   အချင်း ချင်းချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ တက္ကသိုလ်ကျောင်းသား ကျောင်း သူ၊  လူငယ်များအနေဖြင့်   ဗလ ငါးတန်ဖြင့် ပြည့်စုံသည့်လူငယ် များဖြစ်ရန်  ပြုစုပျိုးထောင်ရာ တွင်   ကာယဗလနှင့်        ပြည့်စုံ ရေး၊  ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားသည်  မရှိမဖြစ်အရေး ကြီးပါကြောင်း၊     တက္ကသိုလ် ကျောင်းသား    ကျောင်းသူများ အချင်းချင်း  စည်းလုံးညီညွတ်မှု ရရှိရေးနှင့်  ဘောလုံးကစားခြင်း ကို ပိုမိုစိတ်ဝင်စားမှုများလာစေရန် ယခုပြိုင်ပွဲကို   ကျင်းပရခြင်းဖြစ် ကြောင်း ပြောကြားသည်။(အပေါ်ပုံ)
ထို့နောက်ဆေးတက္ကသိုလ်နှင့် ဆေးပညာ    နှီးနွှယ်တက္ကသိုလ် ပေါင်းစုံဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီနာယက   ပြည်ထောင်စု ဝန်ကြီးက    ဘောလုံးပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်း ဒေသကြီး       ဝန်ကြီးချုပ်က အလှူငွေကျပ်သိန်း ၆၀ ကိုလည်း ကောင်း၊  မြန်မာနိုင်ငံ   ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်စား  ဒုတိယ ဥက္ကဋ္ဌက အလှူငွေကျပ်သိန်း ၅၀ နှင့် ဘောလုံးအလုံး ၅၀  တို့ကို လည်းကောင်း    ပြည်ထောင်စု ဝန်ကြီးထံသို့   ပေးအပ်လှူဒါန်း သည်။  
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က      ပြိုင်ပွဲဝင် အားကစားသမားများကို လိုက်လံ နှုတ်ဆက်၍ ပြည်ထောင်စုဝန်ကြီး က ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့ တို့ကိုလည်းကောင်း၊    ရန်ကုန် တိုင်းဒေသကြီး      ဝန်ကြီးချုပ် က ဖျော်ဖြေရေးအဖွဲ့များကိုလည်း ကောင်း ဆုငွေများချီးမြှင့် ပေးအပ် ခဲ့ပြီး ဘောလုံးပြိုင်ပွဲကို ကြည့်ရှု အားပေးခဲ့ကြသည်။ ယနေ့နံနက် ပိုင်းတွင် ဇုန်(၁)  အုပ်စုပွဲစဉ် (၁)အဖြစ် ဆေးတက္ကသိုလ်(၁)ရန်ကုန် အသင်းနှင့်   ဆေးဝါးတက္ကသိုလ် အသင်းတို့ယှဉ်ပြိုင်ကြရာ    ဆေး တက္ကသိုလ် (၁) ရန်ကုန်အသင်းက ဆေးဝါးတက္ကသိုလ် အသင်းကို ငါးဂိုး  - တစ်ဂိုးဖြင့်     အနိုင်ရရှိခဲ့ သည်။
‌ဆေးပညာနှင့်  ဆေးနှီးနွှယ် တက္ကသိုလ်အသီးသီး၏ အသင်း လိုက်  ပတ်လည်ဘောလုံးပြိုင်ပွဲ များကို ဇုန် နှစ်ခုခွဲ၍  ကျင်းပသွား မည်ဖြစ်ပြီး ဇုန်(၁) ပြိုင်ပွဲများကို ရန်ကုန်မြို့တွင် ဩဂုတ် ၂၀ ရက်မှ ၂၅ ရက်အထိ    လည်းကောင်း၊ ဇုန်(၂)ပြိုင်ပွဲများကို နေပြည်တော် တွင် ဩဂုတ်၂၃ ရက်မှ ၂၅ ရက် အထိ လည်းကောင်း၊  ဆီမီးဖိုင်နယ် နှင့် ဖိုင်နယ်ပွဲစဉ်များကို  နေပြည် တော်၌ လည်းကောင်း ယှဉ်ပြိုင် သွားကြမည်ဖြစ်ကြောင်း   သိရ သည်။
သတင်းစဉ်