ဆေးရုံဝန်ထမ်းပြတ်လပ်နေသည့် အမေရိကန်ဆေးရုံများ၌ နိုင်ငံတကာသူနာပြုများ အရေးပေါ်လိုအပ် 


 

ဝါရှင်တန် ဇန်နဝါရီ ၁၁ 
ကျန်းမာရေးဝန်ထမ်းထောင်ပေါင်းများစွာကို ကာကွယ်ဆေးညွှန်ကြားချက်နှင့်ပတ်သက်ပြီး    ထုတ်ပယ်လိုက်ပြီးနောက်     အမေရိကန် ပြည်ထောင်စုတွင် ဆေးရုံဝန်ထမ်းပြတ်လပ်နေသည့်ဆေးရုံများသည် နိုင်ငံတကာသူနာပြုများဆီသို့ ခြေဦးသန်းလာခဲ့ကြောင်း   ဖောက်စ် သတင်းတွင် ဖော်ပြထားသည်။ 
အမေရိကန်ပြည်ထောင်စုရှိ ဆေးရုံများတွင် အလုပ်လုပ်ရန် နိုင်ငံ တကာသူနာပြု ၅၀၀၀ ကျော်သည် ပြည်ဝင်ခွင့်ဗီဇာရရှိရန် စောင့်ဆိုင်း လျက်ရှိကြောင်း ဖောက်စ်သတင်းက ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန် ထားသည်။  ကိုဗစ်-၁၉   ကာကွယ်ဆေးလိုအပ်ချက်ကြောင့် အမေရိကန် ကျန်းမာရေးဝန်ထမ်းထောင်ပေါင်းများစွာ      အလုပ်ဆုံးရှုံးခဲ့ပြီးနောက် နိုင်ငံခြားသူနာပြုလိုအပ်ချက်များ      ဖြစ်ပေါ်လာခဲ့ခြင်း     ဖြစ်သည်။ 
အမေရိကန်အနောက်အလယ်ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် မင်နီဆိုးတား ပြည်နယ်ရှိ ဆေးခန်းကြီးတစ်ခုတွင် ကာကွယ်ဆေးမထိုးထားသည့် အလုပ်သမား ၇၀၀ ကို အလုပ်ထုတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ 
ထို့အတူ အရှေ့မြောက်ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် မက်ဆာချူး ဆက်ပြည်နယ်တွင်လည်း ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော်ကို အလုပ် ဖြုတ်ခဲ့ပြီး နယူးယောက်တွင်လည်း  ကျန်းမာရေးဝန်ထမ်း ၃၀၀၀၀ ကျော်ကို   အလုပ်ဖြုတ်ခဲ့ကြောင်း အဆိုပါ   ဖောက်စ်သတင်းတွင် ဆက်လက်ဖော်ပြထားသည်။                       ဆင်ဟွာ