ဆေးနှင့်ဆေးပစ္စည်းများ၊ အသား၊ ငါးများနှင့် စားသောက်ကုန်များ ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့်အစီအစဉ် တိုးချဲ့ဆောင်ရွက်

 

 

နေပြည်တော် အောက်တိုဘာ  ၂၅


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့်  ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ၏  ဆေးဝါးလိုအပ် ချက်ကို   ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ    လွယ်လင့်တကူ ဝယ်ယူနိုင်ရေး၊   အရည်အသွေး နှင့်  ဈေးနှုန်းမှန်ကန်စွာ  ရရှိစေ ရေးတို့အတွက် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက် အရ   မြန်မာနိုင်ငံ ဆေးနှင့် ဆေး ပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့်   ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်   ကုန်သည် လမ်းနှင့်     ဗိုလ်ဆွန်ပက်လမ်း ထောင့်ရှိ     မြန်မာအပြည်ပြည် ဆိုင်ရာ   ကုန်သွယ်မှု   ဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါး များ လက်လီလက်ကား ဖြန့်ဖြူး ရောင်းချခြင်းကို ဆောင်ရွက်လျက် ရှိရာ ယနေ့တွင်လည်း ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီ သုံးခုမှ အိမ်သုံးဆေးဝါး ၅၆ မျိုး ရောင်းချပေးခဲ့သည်။
အလားတူ  ပထမအစီအစဉ် အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက် ရှိသည့်  အလုံမြို့နယ်  ကမ်းနား လမ်း   လွတ်လပ်ရေးရပ်ကွက်  အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း ယနေ့တွင်   ၄၈ ရက်မြောက်နေ့ အဖြစ် ဆက်လက်ရောင်းချပေး လျက်ရှိသည်။
ထို့ပြင်   ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏   စီစဉ်မှုဖြင့်  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်လည်း ရွေ့လျား ဈေးကားဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ အသား၊ ငါးများနှင့် စားသောက် ကုန်များကို       ရောင်းချပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်