ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့်တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်  ဇူလိုင်   ၁၀


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ခရိုင်     သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာ ပင်တိုက်နယ်ဆေးရုံ၊  ညောင်ရမ်း တိုက်နယ်ဆေးရုံ၊  သပိတ်ကျင်း မြို့နယ်     တကောင်းတိုက်နယ် ဆေးရုံ၊   ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊     မတ္တရာ မြို့နယ်         ပြည်သူ့ဆေးရုံ၊  ပျော်ဘွယ်မြို့နယ်     ယင်းတော် တိုက်နယ် ဆေးရုံ၊  ကူမဲတိုက်နယ် ဆေးရုံနှင့်         ရွှေညောင်ဖူး     တိုက်နယ်ဆေးရုံ၊     ဝမ်းတွင်းမြို့ နယ်     ပင်းတလဲ တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊    တောင်သာမြို့နယ်     ဝဲလောင် တိုက်နယ်ဆေးရုံ၊  ကျောက်ပန်း တောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့်    လူနာရှင်များက   အကူအညီ   တောင်းခံမှုကြောင့် တပ်မတော်မှ    ဆေးကုသရေး အဖွဲ့များစေလွှတ်၍      ရောဂါ ဝေဒနာခံစားနေရသည့်    ဒေသခံ ပြည်သူများကို       လိုအပ်သည့်  ကျန်းမာရေး    စောင့်ရှောက်မှု လုပ်ငန်းများ    ဆောင်ရွက်ပေး လျက်ရှိသည်။ 
ယနေ့တွင်လည်း      ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊   သွားနှင့် ခံတွင်းရောဂါ၊    အရိုးအကြော ရောဂါ၊   အစာအိမ်ရောဂါ၊ မျက်စိ ရောဂါ၊  နား၊       နှာခေါင်း၊ လည်ချောင်းရောဂါ၊      သားဖွား မီးယပ်ရောဂါ၊    သွေးတိုးရောဂါ၊    နှလုံးရောဂါ၊   အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများကို   ဆက်လက်ဆောင် ရွက်ပေးပြီး      ခွဲစိတ်ကုသရန် လိုအပ်သော     လူနာများအား        ခွဲစိတ်ကုသပေးခြင်းများ      ဆောင် ရွက်ပေးခဲ့ကြောင်း      သတင်း ရရှိသည်။              

  သတင်းစဉ်