
နေပြည်တော် ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ခရိုင် သာစည်မြို့နယ် ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံ၊ ညောင်ရမ်း တိုက်နယ်ဆေးရုံ၊ သပိတ်ကျင်း မြို့နယ် တကောင်းတိုက်နယ် ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ မတ္တရာ မြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ် မြို့နယ် ယင်းတော်တိုက်နယ် ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံနှင့် ရွှေညောင်ဖူး တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲ တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့ နယ် ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများ နှင့် လူနာရှင်များ၏ အကူအညီ တောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေး အဖွဲ့များ စေလွှတ်၍ ရောဂါဝေဒနာခံစား နေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ ယနေ့တွင် လည်း ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုး အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများကို ဆက်လက်ဆောင် ရွက်ပေးပြီး ခွဲစိတ်ကုသရန်လိုအပ် သော လူနာများအား ခွဲစိတ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်