
နေပြည်တော် ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာ ပင် တိုက်နယ်ဆေးရုံ၊ ညောင်ရမ်း တိုက်နယ်ဆေးရုံ၊ သပိတ်ကျင်း မြို့နယ် တကောင်းတိုက်နယ် ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ မတ္တရာ မြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ် မြို့နယ် ယင်းတော်တိုက်နယ် ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံနှင့် ရွှေညောင်ဖူး တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲ တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ် ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက် ပန်းတောင်းမြို့နယ် ပြည်သူ့ ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာ ရှင်များက အကူအညီတောင်းခံမှု ကြောင့် တပ်မတော်မှ ဆေးကုသ ရေးအဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ် သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ယနေ့တွင်လည်း ခွဲစိတ်ကုသ မှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အရိုးအကြောရောဂါ၊ အစာ အိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုး ရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများကို ဆက်လက် ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန် လိုအပ်သော လူနာများအား ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်