ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ  ၂၆
မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာ ခရိုင်   သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာ ပင်တိုက်နယ်ဆေးရုံနှင့်   သပိတ် ကျင်းမြို့နယ်     တကောင်းမြို့ ပြည်သူ့ဆေးရုံနှင့်    ပဲခူးတိုင်း ဒေသကြီး  ကျောက်တံခါးမြို့နယ် ကျောက်တံခါး    ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ်  ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့်   ရှမ်းပြည် နယ်(မြောက်ပိုင်း)   မန်တုံပြည်သူ့ ဆေးရုံတို့ရှိ     ဝန်ထမ်းများနှင့် လူနာ ရှင်များက   နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များ နှင့် သူနာပြုများ လာရောက်ကုသ ပေးနိုင်ပါရန် အကူအညီတောင်းခံ မှုကြောင့် သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ   တပ်နယ်များ အလိုက်   တပ်မတော်ဆေးရုံမှ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့်သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား စေလွှတ် ၍ ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ် သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ   ဆောင်ရွက်ပေး လျက်ရှိသည်။
အဆိုပါ    ဆေးရုံများ၌ တပ်မတော်    ဆေးကုသရေး အဖွဲ့များက  ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင်  ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊   သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ သားဖွား မီးယပ်ရောဂါ၊  သွေးတိုးရောဂါ၊ နှလုံးရောဂါ၊  အထွေထွေရောဂါ တို့နှင့် ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေး  စစ်ဆေးကုသပေး ခြင်းများ ဆက်လက်ဆောင်ရွက် ပေးခဲ့ကြောင်းနှင့်  ဒေသခံပြည်သူ များအနေဖြင့်လည်း  အထူးပင် ကျေးဇူးတင်   ဝမ်းမြောက်လျက်ရှိ ကြောင်း သိရှိရသည်။
ထိုသို့   ဆောင်ရွက်ပေးနေမှု များ ကို တိုင်းစစ်ဌာနချုပ်အသီးသီး ရှိ တာဝန်ရှိသူများက  သွားရောက် ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသပေးထားမှု အခြေအနေ များ၊    ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီး  မေးမြန်းအားပေး စကားပြောကြားပြီး စားသောက် ဖွယ်ရာများ    ပေးအပ်သည်။ ထို့နောက်   ဒေသခံပြည်သူများ အတွက်     ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးရန်   ပြင်ဆင်ထားရှိမှု    အခြေ အနေများကို  လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ  ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း      သတင်းရရှိသည်။
သတင်းစဉ်