
နေပြည်တော် ဇူလိုင် ၁၇
မြန်မာနိုင်ငံရှိ ဆေးဝါးသုံးစွဲသူ ပြည်သူများ ပြည်တွင်း၌ သင့်တင့် မျှတသည့် ဈေးနှုန်းများဖြင့် အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး နှင့် ဆေးဝါးများ မပြတ်လပ်ရေး အတွက် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာ နိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်းမှ ဦးဆောင်၍ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူ များသို့ တိုက်ရိုက်ဆေးရောင်းချ ပွဲကို ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ၌ ဇူလိုင် ၁၇ ရက်မှ ၃၁ ရက်အထိ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့ အထိ (တနင်္ဂနွေနေ့နှင့် အများ ပြည်သူရုံးပိတ်ရက်မှအပ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ) ဆေးဝါးရောင်းချခြင်းများ ပြုလုပ် မည်ဖြစ်ကြောင်းနှင့် ပြည်သူများ အနေဖြင့် မိမိတို့ကျန်းမာရေး အတွက် လိုအပ်သောဆေးဝါးများ ကို အဆိုပါဆေးရောင်းချပွဲ တွင် လေ့လာကြည့်ရှုဝယ်ယူနိုင် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်