ဆောက်လုပ်ရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော်   ဇွန်   ၂၅


ဆောက်လုပ်ရေးဝန်ကြီးဌာန၏၂၀၂၁ ခုနှစ်   မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၀၁/၂ နှင့် ၂၀၁/၄)   အကြား၊ နေပြည်တော်အဝင်  (စီလမ်းဆုံ) ပရဝဏ်အတွင်း၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။


ရှေးဦးစွာ   ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက   သတ်မှတ်နေရာ တွင် ကျွန်းပင်ကို   စိုက်ပျိုးပေး သည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းထိန်၊  ပြည်ထောင်စုဝန်ကြီး ရုံး၊    အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်  အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနနှင့်    ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနတို့မှ     အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့်  တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ       ညွှန်ကြား ရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး၊ ဒုတိယရဲတပ်ဖွဲ့မှူးနှင့် ရဲဝန်ထမ်းများ၊      ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးက   သတ်မှတ် နေရာအသီးသီးတွင်       ကျွန်းပင် ၂၀၀ နှင့် ပိတောက်ပင်   ၁၀၀၊ မဲဇလီပင် ၅၀၊ စိန်ပန်းပင် ၅၀ စုစု ပေါင်း ပျိုးပင်  ၄၀၀ ကို  စုပေါင်း စိုက်ပျိုးပေးကြသည်။


ယင်းနောက်  ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊   ဌာန ဆိုင်ရာ      တာဝန်ရှိသူများနှင့် ဧည့်သည်တော်များသည် ဝန်ထမ်း များ သစ်ပင်စိုက်ပျိုးနေမှုတို့ကို  ကြည့်ရှုအားပေးသည်။
သယံဇာတနှင့်        သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ သစ်တောဦးစီးဌာန၏ ၂၀၂၁ ခုနှစ်   မိုးရာသီလမ်းဘေးဝဲ/ ယာ တစ်အုပ်တစ်မသစ်ပင်စိုက်ပျိုးမည့်  အစီအစဉ်အရ   ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး        လမ်းဘေး ဝဲ/ယာတွင်  အမြဲစိမ်းပင်၊  အရိပ်ရ ပင်၊ လေကာပင်၊   ကျွန်းပင်နှင့် အခြားအပင်များ        စုစုပေါင်း ၁၀၈၉၅  ပင်ကျော်နှင့်  တစ်နိုင်ငံ လုံးရှိ လမ်းမကြီးများ၏ လမ်းဘေး ဝဲ/ယာ၌ စိုက်ပျိုးရန်လိုအပ်သည့် နေရာများတွင် ၁၂၉၈၄၈ ပင်ကျော် ကို စီမံချက်ချစိုက်ပျိုးသွားမည်ဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်