
ရန်ကုန် စက်တင်ဘာ ၂၃
ဆော်ဒီအာရေဗျနိုင်ငံ၏ (၉၂)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့ Wyndham Grand Yangon Hotel ၌ ကျင်းပရာ အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တက် ရောက်သည်၊၊
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သီချင်းနှင့် ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်၊၊
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီ အာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Saud bin Abdullah AL-subaie က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Saud bin Abdullah AL-subaie တို့က ဆော်ဒီအာရေဗျနိုင်ငံ၏ (၉၂) နှစ် မြောက် အမျိုးသားနေ့အထိမ်းအမှတ် ကိတ်ကို လှီးဖြတ်ပေးကြသည်၊၊
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးတို့သည် ဧည့်ခံပွဲအခမ်းအနား သို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်၊၊
ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက် လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Saud bin Abdullah AL-subaie က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်၊၊
အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင် ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်