ဆော်ဒီအာရေဗျကလပ် အယ်နာဆာ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဂိုးသွင်းသတင်းကတော့ ၎င်းကစားတဲ့ အပတ်တိုင်း၊ ရက်တိုင်း ပြောရမလိုပါပဲ။ လာမယ့် ဖေဖော်ဝါရီ ၅ ရက်ဆိုရင် အသက် ၃၉ နှစ် ပြည့်တော့မယ့် စီရော်နယ်ဒိုဟာ လက်ရှိအချိန်အထိ သွင်းဂိုးတွေ ဆက်တိုက်သွင်းပြ

 

ရန်ကုန်  ဒီဇင်ဘာ  ၂၉


မြန်မာ့လက်ရွေးစင်    ဖူဆယ် အသင်းသည်  ၂၀၂၄ အာရှဖလား ဖူဆယ်ပြိုင်ပွဲအတွက်    ကြိုတင် လေ့ကျင့်       ပြင်ဆင်မည်ဖြစ်ပြီး   နိုင်ငံတကာ        ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


မြန်မာ့လက်ရွေးစင်  ဖူဆယ် အသင်းသည် အာရှဖလားပြိုင်ပွဲ တွင်   ရလဒ်ကောင်းရယူနိုင်ရန် အချိန်ယူ ပြင်ဆင်သွားမည်ဖြစ်ပြီး   ဇန်နဝါရီ တတိယပတ်တွင်  စတင် ပြင်ဆင်မည်ဖြစ်ကာ  ဖေဖော်ဝါရီတွင် နိုင်ငံတကာခြေစမ်းပွဲ သို့မဟုတ် ပြည်ပလေ့ကျင့်ရေးခရီးစဉ် သွားရောက်မည်ဖြစ်သည်။  ဖေဖော်ဝါရီ တွင်  ခြေစမ်းပွဲကစားပြီးပါက  လေ့ကျင့်မှုရပ်နားမည်ဖြစ်ပြီး ပြည်တွင်း ဖူဆယ်လိဂ်   လက်ကျန်ပွဲများ   ပြန်လည်ကစားကာ   မတ်လမှသာ ပြန်လည် လေ့ကျင့်မည်ဖြစ်သည်။


အာရှဖလား ဖူဆယ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက်မှ ၂၈ ရက် အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး  အုပ်စု (က) တွင်   အိမ်ရှင်ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ တရုတ်၊ အုပ်စု (ခ) တွင် ဥဇဘက်ကစ္စတန်၊ ဆော်ဒီ အာရေဗျ၊ အီရတ်၊ သြစတြေးလျ၊ အုပ်စု (ဂ) တွင် လက်ရှိချန်ပီယံ ဂျပန်၊ တာဂျစ်ကစ္စတန်၊ တောင်ကိုရီးယား၊ ကာဂျစ္စတန်၊ အုပ်စု (ဃ) တွင်အီရန်၊ ကူဝိတ်၊ ဘာရိန်းနှင့် အာဖဂန်နစ္စတန်အသင်းတို့ ပါဝင်နေသည်။


ရဲရင့်လွင်၊ ဓာတ်ပုံ-MFF